■ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် ရောင်းချခဲ့၊

■ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် ရောင်းချခဲ့၊
Published 20 August 2024

■ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် ရောင်းချခဲ့



■ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၁၀၀ အား တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဖြင့် ရောင်းချသည်ဆိုသည့်သတင်းများ မဟုတ်မှန်

ဗဟိုဘဏ်က နိုင်ငံခြားငွေ ကြေးစျေး ကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော် ရောင်းချပေးခဲ့ကြောင်း ဗဟို ဘဏ်မှထုတ်ပြန် သည့်စာရင်းများအရ သိရ သည်။

ပြင်ပစျေးကွက်အတွင်း ဒေါ်လာစျေးက စားချင်သူများက ဗဟိုဘဏ်မှ ဆီလုပ်ငန်း ရှင်များသို့ ထုတ်ရောင်းပေးမည့်ဒေါ်လာ သန်း ၁၀၀ ကို တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ နှုန်းဖြင့် ရောင်းချသည်ဆိုပြီး သတင်းများ  ထွက်ပေါ်ခဲ့သည်။

သို့သော် ဗဟိုဘဏ်က တစ်ဒေါ်လာ လျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉၉ သန်း ရောင်းချပေးခဲ့သဖြင့်  စျေးကွက်အတွင်း စက်သုံးဆီလုပ်ငန်း ရှင်များကို ဒေါ်လာသန်း ၁၀၀ အား တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ ဖြင့် ရောင်းချသည်ဆို သည့်သတင်းများမှာ မဟုတ်မှန်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံး ဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် သြ ဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့ သည်။ သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉ဝနီးပါး(၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈)ထုတ်ရောင်းပေး ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန် သည့်စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် တစ်ပတ် စက်သုံးဆီ၊ စား သုံးဆီနှင့် အခြားအရေးကြီးကုန်စည်များ အတွက် FX  trading platform  မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်း ချပေးခဲ့ကြောင်း သြဂုတ် ၉ ရက်က ထုတ်ပြန် ထားသည်။

သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက် သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါး ကဏ္ဍများအတွက် FX  trading platform   မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။



နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း(AD)  လိုင်စင်ရ ဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်တွင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေး ၀ါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့်ကုမ္ပဏီများသို့  FX  trading platform  မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်း ချခဲ့သည်။

ဇူလိုင်လအတွင်း ရောင်းချမှုအနေဖြင့်  ဇူလိုင် ၂ ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင် များအား  online trading platform  မှတစ်ဆင့် ဒေါ်လာ ငါးသန်း၊ ဇူလိုင် ၃ ရက် တွင် နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက် ကားသည့်လုပ်ငန်း (AD)  လိုင်စင်ရဘဏ် များမှတစ်ဆင့် နိုင်ငံခြားငွေဝယ် ယူလို ကြောင်း တင်ပြလာသည့် စားသုံးဆီ၊ ဓာတ် မြေသြဇာနှင့် ဆေးနှင့် ဆေးပစ္စည်း များတင် သွင်းသည့်  ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များ အား ဒေါ်လာ ၅ ဒသမ ၄ သန်း ၊ ဇူလိုင် ၁၀ ရက်တွင်  ဒေါ်လာ ငါးသန်း၊ ဇူလိုင် ၁၅ ရက် တွင် FX  trading platform   မှတစ်ဆင့် တ ရုတ်ယွမ်ငါးသန်း ဗဟိုဘဏ်က ရောင်းချခဲ့ သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်   ဇူလိုင် ၃ ရက်က online trading platform  တွင် နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင် စင်ရဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေဝယ် ယူလိုကြောင်း တင်ပြလာသည့် စားသုံးဆီ၊ ဓာတ်မြေသြဇာနှင့် ဆေးနှင့် ဆေးပစ္စည်း များတင်သွင်းသည့်  ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များအား ဒေါ်လာ ၅ဒသမ ၄ သန်း ရောင်းချပေးခဲ့သည်။    

ဇူလိုင် ၂ ရက်က ဗဟိုဘဏ်အနေ ဖြင့်  နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား  online  trading platform  မှတစ်ဆင့် ဒေါ်လာ ငါးသန်း ရောင်းချပေးခဲ့သည်။

    

 

Most Read

Most Recent