ရန်ကုန်ရှိ စက်သုံးဆီဆိုင်အများစုတွင် စက်သုံးဆီပြန်လည်ရရှိနေပြီး တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်များ ရှိနေသေးကြောင်း သိရ

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အများစုတွင် စက်သုံးဆီပြန်လည်ရရှိနေပြီး တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်များ ရှိနေသေးကြောင်း သိရ
Published 17 August 2024

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အများစုတွင် စက်သုံးဆီပြန်လည်ရရှိနေပြီး တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်များ ရှိနေသေး ကြောင်း ရန်ကုန်မြို့ခံအချို့၏ ပြောကြားချက် အရ သိရသည်။

“ဒီနေ့ (သြဂုတ် ၁၇ ရက်) မနက်ကတော့ ဆီတန်းစီတဲ့ကားတန်းအရင်ရက်ကထက်စာ ရင် နည်းလာပြီ။ ကားတန်းကရှိနေသေးပေမယ့် အရင်ရက်တွေလောက်တော့ မဆိုး တော့ဘူး” ဟု ရန်ကုန်မြို့တွင် မော်တော် ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြား သည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် တန်း စီဝယ်ယူရသည့် အခြေအနေမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ စက် သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန်တန်းစီခဲ့ရ သည့် မော်တော်ယာဉ်များမှာ ရာနှင့်ချီရှိခဲ့ပြီး သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင်မူ လျော့နည်း လာခြင်းလည်းဖြစ်သည်။

“ဆီဝယ်ဖို့ ညအိပ်တန်းစီခဲ့ရတယ်။ မနက်ဖက် တန်းစီရင် တော်တော်လေးကိုစောင့် ရတယ်။ ဒီနေ့တော့ ကားတန်းကလျော့လာ ပြီ။ တန်းစီရင်တော့ တစ်နာရီလောက်တော့ စောင့်ရတယ်။ အရင်လို အချိန်သိပ်မပေးရ တော့ဘူး။ ဟိုတုန်းကလို ရောက်တာနဲ့ခဏပဲ စောင့်ရတဲ့အခြေအနေတော့ မရောက်သေး ဘူး” ဟု သာကေတမြို့နယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးက ပြော ကြားသည်။

သြဂုတ် ၁၇ ရက်တွင် စက်သုံးဆီဆိုင် များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများ မှာ ၉၂ တစ်လီတာ ကျပ် ၂၉၀၀၊ ၉၅ တစ်လီ တာ ကျပ် ၃၀၄၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၁၁၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၅၆၀ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၇၅၀၊ ၉၅ တစ်လီတာ ကျပ် ၂၈၉၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၂၉၄၅၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၄၅၀ ဖြစ်ကြောင်း သိရ သည်။

ယင်းကြောင့် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၁၀၀ ကျော်မြင့်တက်လာခြင်းလည်းဖြစ်သည်။

          သြဂုတ် ၁၅ ရက်တွင် စက်သုံးဆီများအ လုံအလောက်မရရှိသဖြင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းအချို့တွင်လည်း ကျောင်းသူကျောင်း သားများကို ကြိုပို့သည့်မော်တော်ယာဉ်များ မပြေးဆွဲနိုင်ဘဲ မိမိအစီအစဉ်ဖြင့်သာလာ ရောက်ပို့ဆောင်ကြရန် မှာကြားလျက်ရှိသည် ဟု ကျောင်းသားမိဘအချို့၏ ပြောကြားချက် အရသိရသည်။

          လက်ရှိတွင် ဆီဆိုင်အများစုမှာ မော် တော်ယာဉ်တစ်စီးလျှင် အများဆုံး ကျပ်ငါး သောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရ သည်။

          သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက် သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများ ဖြစ် ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီ တင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အ တွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန် အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်း ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

          ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက် လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အ ခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့ လာသူအများစုသည် မြို့ကြီးများ‌သို့ ရောက် ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက် လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent