ရယ်မောစေသည့်ဓာတ်ငွေ့အသုံးပြုနေသော ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို ရာသီအဖွင့်ပွဲ ကစားခွင့်မပြုရန် စပါးဆုံးဖြတ်

ရယ်မောစေသည့်ဓာတ်ငွေ့အသုံးပြုနေသော ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို ရာသီအဖွင့်ပွဲ ကစားခွင့်မပြုရန် စပါးဆုံးဖြတ်
Photo: YouTube
Photo: YouTube
Published 17 August 2024

 

စပါးအသင်းသည် ရယ်မောစေသည့် ဓာတ်ငွေ့အသုံးပြုနေသော ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို ရာသီအဖွင့်ပွဲစဉ်တွင် ကစားခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မာလီလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမားဖြစ်သူ ဘစ်ဆူးမား (၂၇ နှစ်) သည် ရယ်မောစေသည့်ဓာတ်ငွေ့ သို့မဟုတ် NOS (နိုက်ထရပ်အောက်ဆိုဒ်) ကို ဘောလုံးမှတစ်ဆင့် ရှူရှိုက်နေသည့် ဗီဒီယိုဖိုင်အား သြဂုတ် ၁၀ ရက်က လူမှုမီဒီယာတွင် ကိုယ် တိုင်တင်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ၌ ဖျော်ဖြေရေးအတွက် NOS အသုံးပြုမှုကို ၂၀၂၃ ခုနှစ်မှစ၍ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

၎င်း၏လုပ်ရပ်နှင့်ပတ်သက်၍ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက "တနင်္လာနေ့ကစားမယ့် ပွဲအတွက် သူ့ကို ဆိုင်းငံ့ထားပါတယ်။ သူ့အတွက် တံခါးဖွင့်ထားပါတယ်။ သူလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက သူတစ်ယောက်တည်းထက် ပိုပြီးသက်ရောက်မှုရှိ တယ်ဆိုတာ နားလည်နိုင်ဖို့ ကျွန်တော်တို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက သူ့ကို ပိုပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဘစ်ဆူးမားကလည်း ၎င်း၏လုပ်ရပ်အတွက် တောင်းပန်ကြောင်း ပြောကြားထားသည်။ စပါးအသင်းသည် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၉ ရက် (မြန်မာစံတော်ချိန် သြဂုတ် ၂၀ ရက် နံနက် ၁ နာရီခွဲ) တွင် တန်းတက် လက်စတာအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။