ကာဗယ်လ်ညိုကို ဖြစ်သင့်သလောက် မဖြစ်သေးတဲ့၊ ရောက်သင့်တဲ့အဆင့်ကို မရောက်သေးတဲ့ ကစားသမားလို့ ဆိုရမယ်။ သူက ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့ မစိမ်းပေမဲ့ အခုချိန်အထိ လက်ရွေးစင်အသင်းမှာ ကစားရသေးခြင်း မရှိသေးဘူး။ ငယ်ရွယ်စဉ် အင်္ဂလန်လူငယ်အသင်းနဲ့ ပေါ်တူဂီလူငယ်အသင်းတွေမှာ ကာဗယ်လ်ညို ကစားဖူးတယ်။ ပရိုကစားသမားဘဝအစ ဖူလ်ဟမ်အသင်းမှာ ကစားစဉ်ကလည်း အောင်မြင်မှုတချို့ ကာဗယ်လ်ညို ရယူနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းနဲ့လည်း ကာဗယ်လ်ညိုအနေနဲ့ ဂျာမန်စူပါဖလား ရယူနိုင်ခဲ့သေးတယ်။ ဒါပေမဲ့ ကလော့ပ် မရှိတော့တဲ့ လီဗာပူးလ်အသင်းမှာတော့ ကာ ဗယ်လ်ညိုအတွက် နေရာမရှိခဲ့ဘူး။ နည်းပြသစ် အာနယ်ဆလော့ရဲ့အသင်းမှာ ကာဗယ်လ်ညိုအတွက် နေရာမရှိခဲ့ဘူး။ ဒါကြောင့်ပဲ သူကိုယ်တိုင် အနီရောင်မာဆေးဆိုက်ဒ်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။
■ ဘရန့်ဖို့ဒ်နဲ့ အမြင့်ပျံဖို့ကြိုးစားမယ့် ဖေဘီယိုကာဗယ်လ်ညို
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















