ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)​အား ကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်၍ ဒုတိယအကြိမ် လေလံပွဲထပ်မံပြုလုပ်ပြီး လေလံဆွဲမည့်သူမရှိ

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)​အား ကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်၍ ဒုတိယအကြိမ် လေလံပွဲထပ်မံပြုလုပ်ပြီး လေလံဆွဲမည့်သူမရှိ
Published 15 August 2024

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)အား ကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်၍ဒုတိယအကြိမ် လေလံပွဲထပ်မံပြုလုပ်ပြီး လေလံဆွဲမည့်သူမရှိ ကြောင်း သိရသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးအဖြစ် ကျပ်ငွေ ဘီလီယံ ၃၀၀ ဖြင့် ဒုတိယအကြိမ်လေလံတင်ရောင်းချခဲ့ဖြစ်ပြီး လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံအမှတ် (၅၄) အား  ပထမအကြိမ် လေလံတင်ရောင်းချပွဲကို ၂၀၂၄ ခုနှစ် မတ်လ  ၂၀ ရက်က အဆိုပါခြံရှေ့တွင် ပြုလုပ်ခဲ့ရာတွင်လည်း လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိဘဲ လေလံပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပထမအကြိမ် လေလံတင်ရောင်းချရာတွင် ခြံအမှတ်(၅၄)အား ကြမ်းခင်းစျေးက ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ်မှတ်လေလံတင်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလေလံပွဲပြီးနောက် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ၂၈၅ ဘီလီယံအဖြစ် ဈေးလျှော့ပေးရန် ကမာရွတ်ခရိုင် တရားရုံးက တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ပြချက်ကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် တရားရုံးဘက်က နှစ်ဖက်တင်ပြချက်များကို လက်မခံဘဲ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ဘီလီယံ ၃၀၀ ဖြင့် လေလံတင်ရောင်းချရန် ဇွန် ၂၇ ရက်က ကမာရွတ်ခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိသည်။

လက်ရှိတွင် တက္ကသိုလ်ရိပ်သာလမ်းအနီးတစ်ဝိုက်တွင် ကာလမြေပေါက်စျေးအရ ခြံအမှတ် (၅၄) ၏ လေလံစျေးမှာ များပြားလျက်ရှိကြောင်း အိမ်ခြံမြေကျွမ်းကျင်သည့် စီးပွားရှင်လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ယခုလေလံကြမ်းခင်းစျေးမှာ မူလပေါက် စျေးထက် များပြားနိုင်သဖြင့် ယင်းငွေပမာဏ အား ဝယ်ယူနိုင်မည့် ငွေဖြူကိုင်ဆောင်ထားသူ ပြည်တွင်း၌မရှိသလောက်နည်းပါးနိုင်ကြောင်း အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ပြောကြားသည်။          

အဆိုပါခြံအမှတ် (၅၄) သည် ဒေါ်ခင် ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက် ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အ နောက်ပိုင်း ခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ် ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင် ဆန်း ဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားသည်။

သို့ရာတွင် ဦးအောင်ဆန်းဦးက တရား  ရုံး၏ ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်း တစ်ခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုး ကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံ တက်ခဲ့သော်လည်း ထိုစဉ်က ယခင်အမိန့်အ တိုင်းသာ အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် အမွေဆိုင်အမှုအပေါ် တရား ရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အထူးအယူခံ လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှု ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့သည်။

 

Most Read

Most Recent