NBA နာမည်ကြီးကစားသမား ကီဗင်ဒူးရန့် PSG အသင်း ရှယ်ယာရှင် ဖြစ်လာ

NBA နာမည်ကြီးကစားသမား ကီဗင်ဒူးရန့် PSG အသင်း ရှယ်ယာရှင် ဖြစ်လာ
Photo: YouTube
Photo: YouTube
Published 14 August 2024

 

NBA ဘက်စကတ်ဘောအကျော်အမော် ကီဗင်ဒူးရန့်သည် ပြင်သစ်ထိပ်သီးဘောလုံးကလပ် PSG အသင်း၏ ရှယ်ယာရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

NBA ချန်ပီယံနှင့် NBA Finals ၏ MVP ဆု နှစ်ကြိမ်ရရှိထားသူ ကီဗင်ဒူးရန့်၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Boardroom သည် PSG အသင်း၏ရှယ်ယာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် Arctos Sports Partners ကုမ္ပဏီထံမှ ဂဏန်းတစ်လုံး သန်းဂ ဏန်းသာ ရှိသည့် ရှယ်ယာအနည်းငယ်ကို ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

အမေရိကန် ဘက်စကတ်ဘောအသင်းနှင့်အတူ ပါရီအိုလံပစ်ပြိုင်ပွဲ ဆင်နွှဲခဲ့သည့် ဒူးရန့်သည် PSG အသင်း၏လေ့ကျင့်ရေးစင်တာသစ်သို့ လာရောက်လည်ပတ်ခဲ့ပြီး PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့်လည်း တွေ့ဆုံခဲ့သည်။ 

Arctos Sports Partners ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုမှာ ပေါင် ၄ ဒသမ ၂၅ ဘီလျံရှိကြောင်း သိရသည်။

Most Read

Most Recent