မန္တလေးမြို့တွင် ရှေးအစဉ်အဆက်ပြုလုပ်ခဲ့သည့် အိုးပုတ်ပွဲတော် ကျင်းပ

မန္တလေးမြို့တွင် ရှေးအစဉ်အဆက်ပြုလုပ်ခဲ့သည့် အိုးပုတ်ပွဲတော် ကျင်းပ
Published 13 August 2024
သက်ထွန်းအောင်

အိုးပုတ်ပွဲတော်ကို မန္တလေးမြို့ မြောက် ပြင် အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် တွင် ၂၀၂၄ ခုနှစ် သြဂုတ် ၁၂ ရက်က ကျင်းပ ခဲ့ပြီး အိုးပုတ်ပွဲတော်သည် တစ်နှစ်လျှင် ၀ါခေါင် လဆန်း ၈ ရက် တစ်ရက်တည်းသာ ကျင်းပ လေ့ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ အိုးပုတ်ပွဲတော်ကို သြဂုတ် ၁၁ ရက်၊ ၁၂ ရက် ကျင်းပတယ်လို့ပြောတယ်။ စည်တာက ၁၂ ရက်နေ့ပိုစည်တယ်။ အိုးပုတ် ဝယ်တဲ့သူတွေလည်း များတယ်။ မိန်းကလေး တွေ ကျောက်ခတ်ပန်းတွေ ပန်ဆင် အိုးပုတ် လေးတွေကိုင်ပြီး ဓာတ်ပုံဆရာတွေနဲ့ရိုက်တဲ့ သူတွေရော ရှိကြတယ်” ဟု အိုးပုတ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရှေးနှစ်ပေါင်းများစွာမှ အစဉ်အဆက် ကျင်းပခဲ့ကြောင်း၊ အိုးပုတ်ပွဲတော်သည် တောင် ပြုံးပွဲတော်နှင့် ဆက်စပ်သော ပွဲတော်တစ်ခု ဖြစ်ကြောင်း၊ အိုးပုတ်ပွဲကျင်းပရာ နေရာသည် ရေဆိပ်ဖြစ်ခြင်းကြောင့် တောင်ပြုံးသို့ သွား ရောက်ရောင်းချကြသော အိုးသည်၊ စဥ့်သည် များသည် ခရီးတစ်ထောက်နားရာမှ အိုးပုတ်ပွဲ တော် ဖြစ်လာခြင်းဖြစ်ကြောင်း ရှေးလူကြီးများ ၏ ပြောစကားများအရ သိရသည်။

နှစ်စဉ်ကျင်းပခဲ့သည့် အိုးပုတ်ပွဲတော် သည် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် နှစ်မှ ကျင်းပ ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်မှ ပြန်လည်ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။

အိုးပုတ်ပွဲတော်ကို နှစ်စဉ် ၀ါခေါင်လဆန်း ၈ ရက်တွင် စည်ကားလေ့ရှိရာမှ ယခုနောက် ပိုင်းနှစ်များတွင် လူမှုကွန်ရက် စာမျက်နှာများ ပေါ် ပျံ့နှံ့လာခြင်းကြောင့် လာရောက်သူ များ ပြားလာကြောင်း၊ ပွဲတော်ရက်မတိုင်မီ အိုးပုတ် များကို ခင်းကျင်းရောင်းချမှု ပြုလာခြင်းဖြစ်ေ ကြာင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent