စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် မော်တော်ယာဉ်များ ညအိပ်တန်းစီနေရပြီး တန်းစီသည့်ယာဉ် များပြားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား

စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် မော်တော်ယာဉ်များ ညအိပ်တန်းစီနေရပြီး တန်းစီသည့်ယာဉ် များပြားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား
Published 13 August 2024

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် မော်တော်ယာဉ်များ ညအိပ်တန်းစီနေရပြီး တန်းစီသည့်ယာဉ် များပြားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။

သြဂုတ် ၁၂ ရက် ညနေပိုင်းမှစတင်ပြီး စက်သုံးဆီရောင်းချသည့် ဆီဆိုင်အချို့တွင် မော်တော်ယာဉ်များ တန်းစီဝယ်ယူနေရပြီး ဆီဆိုင်အများစုက သတ်မှတ်ချက်ဖြင့် ရောင်းချပေ‌းနေရသည်ဟု သိရသည်။

“ဆီဆိုင်တွေမှာက တစ်စီးကို သုံးသောင်းဖိုး၊ ငါးသောင်းဖို့ သတ်မှတ်ချက်နဲ့ပဲ ရောင်းပေးတော့တယ်။ လိုသ‌လောက်ကတော့ ဘယ်ဆိုင်မှမရဘူးလို့ ပြောရမယ်။ ဆီက‌ မနေ့က ညနေတည်းက တန်းစီကြတယ်။ တချို့ကားပိုင်ရှင်တွေကတော့ တန်းစီလက်စနဲ့ ရောက်တဲ့ဆိုင်မှာပဲ ညအိပ်တန်းစီကြတယ်။ ဝယ်လို့ရတဲ့ဆိုင် ရှာရတာနဲ့ ကားထဲကဆီ ကုန်မှာနဲ့ မကာမိဘူးလေဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆီဆိုင်များတွင်လည်း ဆီအမျိုးအစားအချို့ကို ရောင်းချပေးနိုင်ခြင်း မရှိကြောင်း၊ ဓာတ်ဆီရသည့်ဆိုင်တွင် ဒီဇယ်ဆီမရကြောင်း၊ စက်သုံးဆီအမျိုးအစား လေးမျိုးရသည့်ဆိုင်မှာ ရန်ကုန်တွင် နည်းပါးနေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။

ဆီတန်းစီတဲ့ကားတွေကများတော့ တချို့နေရာတွေမှာ လမ်း‌တွေ ပိတ်ကုန်တယ်။ တောင်မြောက်လမ်းဆုံမှာဆိုရင် ဆီဆိုင်က နှစ်ဆိုင်ရှိတော့ မီးပွိုင့်မှာတင် ပိတ်ကုန်တယ်ဟု ရန်ကုန်မြို့ခံတစ်ဦးက သြဂုတ် ၁၃ ရက်နံနက်ပိုင်းက ‌ပြောကြားသည်။

အလားတူ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ထားသည့် နေရာများတွင်လည်း တန်းစီသည့်မော်တော်ယာဉ် များပြားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိ‌ကြောင်း သိရသည်။

Most Read

Most Recent