ကျား၊ မ စစ်ဆေးမှုရလဒ်နှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည့် လင်းယုထင်နှင့် အီမန်းခီလိဖ် ရွှေတံဆိပ်ဆွတ်ခူး

ကျား၊ မ စစ်ဆေးမှုရလဒ်နှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည့် လင်းယုထင်နှင့် အီမန်းခီလိဖ် ရွှေတံဆိပ်ဆွတ်ခူး
Photo: AP
Photo: AP
Published 12 August 2024

ကျား၊ မ စစ်ဆေးမှုရလဒ်နှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသည့် တရုတ်တိုင်ပေအမျိုးသမီးလက်ဝှေ့သမား လင်းယုထင်နှင့် အယ်လ်ဂျီးရီးယားအမျိုးသမီးလက်ဝှေ့သမား အီမန်းခီလိဖ်သည် သက်ဆိုင်ရာဝိတ်တန်းများတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး (၅၇) ကီလို ဖယ်သာဝိတ်တန်းတွင် လင်းယုထင်က ပိုလန်မှ ဆက်ရေးမက်တာကို (၅-၀)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (၆၆)ကီလို ဝယ်လ်တာဝိတ်တန်းတွင် အီမန်းခီလိဖ်က တရုတ်မှ ယန်လျူကို (၅-၀)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြသည်။

အယ်လ်ဂျီးရီးယားအမျိုးသမီးလက်ဝှေ့သမား အီမန်းခီလိဖ်က (၈)နှစ်ကြာ မအိပ်မနေကြိုးစားခဲ့သဖြင့် အိုလံပစ်ရွှေတံဆိပ် ရရှိခြင်းဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။

''ဒါက ကျွန်မအိပ်မက်ပါပဲ။ ကျွန်မ အရမ်းပျော်ပါတယ်။ ဒါက အံ့အားသင့်စရာ အရမ်းကောင်းပါတယ်။ ကျွန်မ (၈)နှစ်ကြာအောင် မအိပ်မနေ ကြိုးစားခဲ့ရတာပါ။ အယ်လ်ဂျီးရီးယားမှာရှိတဲ့သူတွေအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရညအတွက် အရမ်းပျော်ပါတယ်။ ကျွန်မက သန်မာတဲ့ အမျိုးသမီးပါ'' ဟု ခီလိဖ်က ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

ခီလိဖ်သည် သူ့အား အွန်လိုင်းမှ တိုက်ခိုက်မှုများအတွက် ပြင်သစ်တွင် တရားစွဲဆိုသွားရန်  ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူ၏ရှေ့နေဖြစ်သူက မီဒီယာများသို့ အတည်ပြုခဲ့သည်။

Most Read

Most Recent