ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်မြို့နယ်ရှိ သင်္ဘောကျင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာ အလုပ်သမားနှစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ဘန်စိုင်မြို့နယ်ရှိ သင်္ဘောကျင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာ အလုပ်သမားနှစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိ
ပေါက်ကွဲမှုဖြစ်ပွားသည့် သင်္ဘောကျင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- Thai News)
ပေါက်ကွဲမှုဖြစ်ပွားသည့် သင်္ဘောကျင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- Thai News)
Published 11 August 2024
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်စိုင်မြို့နယ်ရှိ  သင်္ဘောကျင်းတွင်  သြဂုတ် ၉ ရက်က ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမားနှစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်စိုင်မြို့ စနမ်ချိုင်ကျေးရွာအုပ်စု ၆ ရှိ သင်္ဘောကျင်းတွင် အလုပ်သမားများ အလုပ် လုပ်နေစဉ် သြဂုတ် ၉ရက် မွန်းလွဲ ၁ နာရီ မိ နစ် ၅၀ ခန့်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်း များအရ သိရသည်။

ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်၏ ဒုတိယမြောက် လုပ်ငန်းခွင် ပေါက်ကွဲမှုဖြစ်ပြီး အသက်သေဆုံးမှုအတွက် အသက်ဖိုးလျော်ကြေးရရှိနိုင်ရန် လိုအပ်သည့် စာရွက်စာတမ်းများကို ကျန်ရစ်သူမိသားစုနှင့်  နီးစပ်ရာမြန်မာအသိုင်းအဝိုင်းများက လိုအပ် သလို ပေါင်းစပ်ဆောင်ရွက်ပေးရန်အတွက် အနူးအညွတ်မေတ္တာရပ်ခံကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီဖြစ်စဉ်က ၂၀၂၄ ခုနှစ်မှာ လုပ်ငန်း ခွင်ပေါက်ကွဲမှုမှာ ဒုတိယဖြစ်စဉ်ပါ။ ပထမ ဖြစ်စဉ်က ဘန်ကောက်မြို့အနီးမှာ  မြန်မာလုပ် သားခုနစ်ယောက်နဲ့ ထိုင်းတစ်ယောက် သေ ဆုံးတဲ့ ထိုင်းအလုပ်သမားဝန်ကြီး ကိုယ်တိုင် ကိုင်တွယ်တဲ့ နာမည်ကျော်ဖြစ်စဉ်ပါ။ အခု ဖြစ်စဉ်က ဒုတိယဖြစ်စဉ်ပါ။ ထိုင်းနိုင်ငံအလယ် ပိုင်း အယုဒ္ဓယပြည်နယ် သင်္ဘောကျင်းရှိတယ်။ အဲဒီသင်္ဘောကျင်းမှာ ပေါက်ကွဲမှုဖြစ်တာပါ။အလုပ်လုပ်နေရင်း ဆေးလိပ်တိုပစ်ထုတ်လိုက် လို့ အခုလိုပေါက်ကွဲမှု ဖြစ်တယ်ဆိုတာက တော့ အကြောင်းရမယ်ရှာတာလို့ ထင်ပါ တယ်။ ထိုင်းမီဒီယာတွေရဲ့မြေနိမ့်ရာလှံစိုက် တဲ့ကောက်ချက်လည်း ဖြစ်နိုင်ပါတယ်။ စက် ချွတ်ယွင်းမှု၊ စက်သုံးဆီတွေနဲ့ အခြားအခြား သော ပေါက်ကွဲလွယ်တဲ့ပစ္စည်းတွေကြောင့် မဖြစ်နိုင်ဘူးလားတွေးဆချက်က ပိုမိုများပြား ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလုပ်သား သေဆုံးပြီဆိုတော့ ကျန်ရစ်သူမိသားစုကနေ စာရွက်စာတမ်း အထောက်အထားတွေကို စုစည်း၊ နားလည်တတ်ကျွမ်းတဲ့သူကလည်းကူညီပြီးတော့ ထိုင်းလူ့အခွင့်ရေးရှေ့နေများ ကောင်စီ  HRDF နဲ့ ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာ အလုပ်သမားသံအရာရှိရုံးနဲ့ ဆက်သွယ်ပြီး တော့  အသက်ဖိုးလျော်ကြေးရအောင် ကြိုး ပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ လောလော ဆယ်တော့ သင်္ဂြိုဟ်စရိတ်တစ်ယောက် ဘတ် ၂၀၀၀၀ ထုတ်ယူရမှာဖြစ်ပါတယ်။ အလုပ် လုပ်နေရင်းနဲ့ အသက်သေဆုံးတာဖြစ်တဲ့အ တွက် ထိုင်းဘတ်ငွေ ၁၅ သိန်းအထိ အသက် ဖိုး လျော်ကြေးရရှိနိုင်မှာဖြစ်ပါတယ်။ လိုအပ် တဲ့စာရွက်စာတမ်းကို နီးစပ်ရာမြန်မာအသိုင်း အဝိုင်းများက လိုအပ်သလိုပေါင်းစပ်ဆောင် ရွက်ပေးဖို့အတွက်အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာတွင်  လွန်ခဲ့သောရှစ်နှစ်ခန့်ကလည်း ပေါက် ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး လူလေးဦး သေဆုံးဖူး ကြောင်း၊ အဆိုပါသင်္ဘောကျင်းတွင် မြန်မာ လုပ်သားများသာ လုပ်ကိုင်ကြကြောင်းနှင့် ဒဏ်ရာရရှိသူများကို အယုဒ္ဓယဆေးရုံသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent