သန်လျင်မြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး  ကျပ် ၉၈၇ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ် လုယက်ခဲ့သူလေးဦးအား ဖမ်းဆီးရမိ

သန်လျင်မြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး  ကျပ် ၉၈၇ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ် လုယက်ခဲ့သူလေးဦးအား ဖမ်းဆီးရမိ
Published 14 August 2024

 

 

ပြစ်မှုကျူးလွန်သူများကို သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်တွင် နေအိမ်အတွင်း ဝင်ရောက်၍ အမျိုး သမီးတစ်ဦးကို သတ်ဖြတ်ပြီး ကျပ် ၉၈၇ သိန်း တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်း များ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ် လုယက်ခဲ့သူလေးဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ နေ အသက် (၄၉ နှစ်) အရွယ်ရှိ ဒေါ်သန်းသန်း ဆင့် (ခ) မအကြီးမသည် နေအိမ်အိပ်ခန်း အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေပြီး နေ အိမ်ဗီရိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားနှင့် ကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း သုံးလုံး၊ မြေအရောင်းအဝယ်စာချုပ်တစ် စောင်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၉၈၇ သိန်းခန့် ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိ ရသဖြင့် သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့် လှစ်၍ တရားခံများကို ဖမ်းဆီးရမိရေး ဆောင် ရွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ များကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဖော် ထုတ်ခဲ့ရာ နေအိမ်အတွင်းဝင်ရောက်၍ သတ် ဖြတ်လုယက်မှုတွင် ပူးပေါင်းကျူးလွန်သူ သန် လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ (အရှေ့ ပိုင်း)၊ ရွှေနှင်းဆီလမ်းတွင် နေထိုင်ကြသည့် အောင်အောင်ဦး (ခ) မှဲ့ကြီး၊ သန်းဇော်ထွေး (ခ) မိုးဒီ၊ အောင်ခန့်ဇော် (ခ) ဖားကြီးနှင့် ဟိန်း ကိုကို (ခ) ဟိန်းကို (ခ) ကပ္ပလီတို့အား သြ ဂုတ် ၉ ရက်တွင် ၎င်းင်းတို့၏ နေအိမ်အသီးသီး၌ သတ်ဖြတ်လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့ သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက် အရ အောင်အောင်ဦး (ခ) မှဲ့ကြီးသည် သေ ဆုံးသူ အမျိုးသမီးအား အကြွေးများ မပေး ဆပ်လိုခြင်းနှင့် လောင်ကစားပြုလုပ်ရာမှ ငွေ ကြေးလိုအပ်မှုများရှိနေသောကြောင့် သေဆုံး သူ၏ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ် လုယက်ရန် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ များနှင့် ဇူလိုင် ၃၀ ရက်တွင် ကြိုတင်တိုင်ပင် ကြံစည်ခဲ့ကြကြောင်း၊   အခင်းဖြစ်နေ့တွင် အောင်အောင်ဦး (ခ) မှဲ့ကြီးနှင့် အောင်ခန့် ဇော် (ခ) ဖားကြီးတို့နှစ်ဦးသည် သေဆုံးသူ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ အမျိုး သမီးကို အောင်ခန့်ဇော် (ခ) ဖားကြီးက ချုပ် နှောင်ပေးပြီး အောင်အောင်ဦး (ခ) မှဲ့ကြီး      က လည်ပင်းညှစ်၍ သတ်ဖြတ်ခဲ့ပြီး နေအိမ် ရှိ ဗီရိုနှစ်လုံးအတွင်းမှ ကျပ် ၉၈၇ သိန်းတန်ဖိုး ရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ် တစ် စောင်တို့ကို လုယက်ယူဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။

ထိုသို့ လုယက်ပြီးနောက် နေအိမ်အနီး တွင် အခြေအနေစောင့်ကြည့်ပေးသူ ဟိန်း ကိုကို (ခ) ဟိန်းကို (ခ) ကပ္ပလီအား ခေါ် ဆောင်ကာ အောင်သပြေလမ်း ချောင်းကူးတံ တားအနီး၌ အသင့်စောင့်ဆိုင်းနေသည့် သန်း ဇော်ထွေး (ခ) မိုးဒီ မောင်းနှင်သော BONGO အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်းနှင် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက် ၍ လူသတ်လုယက်မှု ကျူးလွန်ခဲ့သူများဖြစ် သည့် အောင်အောင်ဦး (ခ) မှဲ့ကြီး ပါ လေးဦး အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent