■ မန်ယူနောက်ခံလူဟောင်း ဒန်နီဆင်ပဆန် ပရိုလက်ဝှေ့ပွဲ ထိုးသတ်မည်     

■ မန်ယူနောက်ခံလူဟောင်း ဒန်နီဆင်ပဆန် ပရိုလက်ဝှေ့ပွဲ ထိုးသတ်မည်     
Photo: Getty Images
Photo: Getty Images
Published 9 August 2024

မန်ယူနှင့် နယူးကာဆယ်နောက်ခံလူဟောင်း ဒန်နီဆင်ပဆန်သည် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ကြောင်း သိရသည်။ 

ဆင်ပဆန် (၃၇ နှစ်) သည် မန်ယူအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အင်္ဂလန်ကလပ်အသင်းများစွာတွင် ကစားခဲ့ဖူးသူဖြစ်သည်။ 

၎င်းသည် ပြီးခဲ့သည့် ဇူလိုင် (၂၄) ရက်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ပရိုလက်ဝှေ့ပြိုင်ပွဲ ပထမဆုံးပွဲအဖြစ် သြဂုတ် (၃၁) ရက်တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၌ အင်္ဂလန် You Tuber ဒန်နီအာရွန်စ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ဆင်ပဆွန်သည် ကစားသမားဘဝတွင် မန်ယူ၊ အစ်ဝှစ်ချ်၊ ဘလက်ဘန်း၊ နယူးကာဆယ်၊ QPR၊ လက်စတာ၊ ဟတ်ဒါဖီးလ်၊ ဘစ္စတိုးလ်၊ မက်ကလစ်ဖီးလ်အသင်းများတွင် ကစားခဲ့သူ ဖြစ်သည်။ 

၎င်းသည် ကစားသမားဘဝတွင် ကလပ်အသင်း (၁၁) သင်းတွင် ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၂၈) ပွဲတွင် (၄) ဂိုး သွင်းယူခဲ့သည်။ 

Most Read

Most Recent