ရေးမြို့နယ် နှစ်ကရင်‌ကျေးရွာလမ်းဝအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် ကွန်တိန်နာယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိ

ရေးမြို့နယ် နှစ်ကရင်‌ကျေးရွာလမ်းဝအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် ကွန်တိန်နာယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိ
Published 7 August 2024
ဘိုဘိုမြင့်

ရေးမြို့နယ် နှစ်ကရင်‌ကျေးရွာ လမ်းဝ အနီး သံဖြူဇရပ် - ရေးကားလမ်းတွင် သြဂုတ် ၅ ရက် ညပိုင်းက ကွန်တိန်နာတင်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြော ကြားချက်များ အရ သိရသည်။

သြဂုတ် ၅ ရက် ည ၇ နာရီခန့်က သံဖြူဇ ရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ ကွန်တိန်နာ တင်ယာဉ်ငါးစီးမှာ ကားလမ်းအတိုင်း မောင်း နှင်လာစဉ် နှစ်ကရင်လမ်းဝအနီး အရောက် တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်ခြင်း ခံခဲရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “ကားသမား တစ် ယောက်ရဲ့ လက်မောင်းမှာ ကျည်ထိမှန်ဒဏ် ရာရသွားတယ်။ သူ့ကို အရေးပေါ်လူနာတင် ယာဉ်ခေါ်ပြီးတော့ လမိုင်းတိုက်နယ်ဆေးရုံ ကိုပို့ဆောင်လိုက်ရတယ်”ဟု ပြောကြားသည်။

အဆိုပါ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကားသမားကို ခွဲစိတ်ကုသမှုများ လုပ်ဆောင် ခဲ့ပြီးနောက် ရေးမြို့ဘက်သို့ ဆက်လက်မောင်း နှင်ထွက်ခွာသွားကြောင်း ၎င်းင်းဒေသခံက ပြော ကြားသည်။

သံဖြူဇရပ် - ရေး ကားလမ်းပိုင်း၌ ပြီးခဲ့ သည့် ဇူလိုင်လနှင့် လက်ရှိ သြဂုတ်လအတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သံဖြူဇရပ်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ည ၆ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ မည်သည့် ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုရန် တား မြစ်ကြောင်း မော်လမြိုင်ခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ဆိုသည့်အဖွဲ့က သြဂုတ် ၅ ရက် ရက် စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားကြောင်း ၎င်းင်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ဖော်ပြချက်အရ သိရသည်။

         

Most Read

Most Recent