၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကျပ် ၁၂၇ ဒသမ ၉၇၈ ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကျပ် ၁၂၇ ဒသမ ၉၇၈ ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်
Published 6 August 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ကျပ် ၁၂၇ ဒသမ ၉၇၈ ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မိမိ တို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မ တီ ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး များ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၅) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်အစည်းအဝေး (၁၄) ကြိမ်အထိ ဆုံးဖြတ်ချက် ၄၉၀ ချမှတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဦးဆောင်ကော်မတီ ပြင် ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအ နေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖမ်းဆီးရမိ အမှုတွဲ ၁၃၅၅၀၊ ခန့်မှန်းကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ် ဆေးဝါး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ခန့်မှန်းကျပ် ၃၀၃ ဒသမ ၈၁၄ ဘီလျံနှင့် ၂၀၂၄ ခုနှစ် ဇန်န ၀ါရီမှ ဇွန်လအထိ ခန့်မှန်းကျပ် ၁၂၇ ဒသမ ၉၇၈ ဘီလျံရှိကြောင်း တွေ့ရှိရသည်ဟု ပြော ကြားသည်။

ဇွန် ၂၆ ရက်က ကျရောက်သည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် စုစုပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေး ၀ါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ယခုနှစ်တွင် ဖမ်း ဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း နှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းအစီအစဉ် များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီး မြို့နှင့် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ စုစု ပေါင်းအင်အား ၃၂၁၂ ဦး တက်ရောက်ခဲ့ပြီး ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီ လိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၉ သန်း ကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာ မှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော် နှင့် ဘိန်းညိုမှုန့် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး၊ စုစု ပေါင်းကျပ် ၁၁၆၃ ဘီလျံကျော် (အမေရိကန် ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တို့ကို ဖျက် ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုအရ ရှမ်းပြည် နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၆၀၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၃၇ ကီလို ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၁ သန်း ကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တ မင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီ လိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၇ မျိုး နှင့် ဓာတုပစ္စည်း ၂၅ မျိုး၊ စုစုပေါင်းကျပ် ၄၅၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၀၁၃ သန်း) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာ အနောက်ပိုင်းကုန်တင် ယာဉ်ရပ်နားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲ တပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်းသုည ဒသမ ၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလို ကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေး ခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ် ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုးတို့၏ စုစုပေါင်းကျပ် ၂၈၉ ဘီလျံကျော် (အမေရိ ကန်ဒေါ်လာ ၈၆ ဒသမ ၈၉ သန်း) ကို ဖျက် ဆီးခဲ့သည်။

ထို့အတူ မန္တလေးတိုင်း ချမ်းမြသာစည် မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ မန္တလေးတိုင်းဒေ သကြီး၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများ နှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလို ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၅ သန်း ကျော်၊ အိုက်စ် ၉၀၀၀ ကီလိုကျော်၊ ကက်တ မင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်း ၂၀ မျိုး၏ စုစုပေါင်း ကျပ် ၄၁၈ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅၄ သန်း) ကို အသီးသီးဖျက်ဆီးခဲ့ ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent