ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ်တာ၀န်ပူးတွဲခန့်အပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်

ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ်တာ၀န်ပူးတွဲခန့်အပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်
Published 3 August 2024

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် အဖြစ် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၄၅/၂၀၂၄)ဖြင့် ယနေ့ (သြဂုတ် ၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်ကို ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲတပ်ချုပ် အဖြစ် စတင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုစဥ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချု​ပ်အဖြစ် တာဝန်ယူနေသည့် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အား ရဲချုပ်အဖြစ် ပူးတွဲတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent