သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ် ပေါင်းဆုံရာ မြစ်ဆုံရှိ ခေါင်းဆေးကျွန်းအနီး လှေနှစ်စင်း တိမ်းမှောက်ရာမှ အမျိုးသားနှစ်ဦး ရေစီးနှင့်မျောပါ ပျောက်ဆုံးနေ

သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ် ပေါင်းဆုံရာ မြစ်ဆုံရှိ ခေါင်းဆေးကျွန်းအနီး လှေနှစ်စင်း တိမ်းမှောက်ရာမှ အမျိုးသားနှစ်ဦး ရေစီးနှင့်မျောပါ ပျောက်ဆုံးနေ
Published 3 August 2024

သံလွင်မြစ် နှင့် အတ္ထရံမြစ်ပေါင်းဆုံရာ မြစ်ဆုံရှိ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းအနီး လှေနှစ်စင်း တိမ်းမှောက်ရာမှ အမျိုးသားနှစ်ဦး ရေစီးနှင့်မျောပါပျောက်ဆုံးနေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

သြဂုတ် ၂ရက်နေ့ နံနက် ၉ နာရီခွဲ ခန့်က အဆိုပါ မော်လမြိုင်မြို့၊ ခေါင်း ဆေးကျွန်းအနီးတွင် လှေတစ်စင်းမှာ ရေစီး သန်နေသည့်အတွက်ကြောင့် ရေစီးနှင့် မျောပါနေပြီး တိမ်းမှောက်မလိုဖြစ်နေစဉ် အနီးရှိ လှေများမှ ကူညီရန်သွားရောက်ရာမှ လှေနှစ်စင်းမှာတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦး ရေနှင့်မျောပါ ပျောက်ဆုံးသွားသည် ဟု သိရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေစီးနဲ့မျောပါ ပျောက်ဆုံးနေသူ နှစ်ဦးက မော်လမြိုင်မြို့၊ ဇေယျာ (၁) ရပ်၊ သီရိလမ်းမှာနေတဲ့ အသက် (၆၂) နှစ်အရွယ် ဦးခင်မောင် နဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသား တစ်ယောက်ပါ။ အဲ့ဒီ လူရွယ်လေးက မန္တလေးရပ်ကွက်ကမ်းနား ပိုင်းမှာရှိတဲ့ သဲဆိပ်မှာ အလုပ်လုပ်နေတဲ့သူလို့ သိရပါတယ် ဟု ပြောကြားသည်။

ရေစီးဖြင့်မျောပါပျောက်ဆုံးနေသူနှစ်ဦးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ  Rescue Team နှင့်အတူ မော်လမြိုင်မြို့ခံ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းကာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ သော်လည်း သြဂုတ်လ ၃ ရက်နေ့အထိ ရှာဖွေ တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent