ပဲခူးမြစ်ရေ အနည်းငယ် ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး

ပဲခူးမြစ်ရေ အနည်းငယ် ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
ရေများပြန်လည်ကျဆင်းနေသဖြင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် သံဃာတော်များ သန့်ရှင်းရေးပြုလုပ်နေစဉ်
ရေများပြန်လည်ကျဆင်းနေသဖြင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် သံဃာတော်များ သန့်ရှင်းရေးပြုလုပ်နေစဉ်
Published 3 August 2024

ပဲခူးမြစ်ရေ အနည်းငယ်ကျဆင်းလာ သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေမှာ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

ဧရာဝတီမြစ်မှာ သြဂုတ် ၃ ရက် တိုင်း ထွာချက်အရ စိုးရိမ်ရေမှတ် ၄၄  ဒသမ ၀၃ ပေ အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး လာ မည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက် ရှိနိုင်ကြောင်း၊ ယင်းကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအ နေဖြင့် သတိထားနေထိုင်ကြရန် မိုးဇလက သတိပေးသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် စစ် တောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေ ဝက်ခန့်ကျော်လွန်နေပြီး လာမည့်တစ်ရက်အ တွင်း တစ်ပေခန့်ထပ်မံမြင့်တက်လာနိုင် ကြောင်း၊ မဒေါက်မြို့တွင် အဆိုပါမြစ်သည် စိုးရိမ်ရေမှတ်အထက် ၅ ပေခန့်ကျော်လွန်နေ ပြီး လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းလာနိုင်ကြောင်း မိုးဇလက ဆိုသည်။

အလားတူ ရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကြောင်း၊ သံလွင် မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် အထက် ငါးပေကျော်သို့ရောက်ရှိနေပြီး လာ မည့်တစ်ရက်အတွင်း သုံးလက်မခန့်မြင့် တက် လာနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် ငသိုင်း ချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေ ခန့်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့်ကျဆင်းလာနိုင်ကြောင်း၊ သာ ပေါင်းမြို့တွင် အဆိုပါမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့်တွင် ကျော် လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့်ကျဆင်းလာနိုင်ကြောင်း၊ ပုသိမ် မြို့တွင် အဆိုပါမြစ်ရေသည် ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး လာမည့်တစ် ရက်အတွင်း ပေဝက်ခန့်ထပ်မံ မြင့်တက်လာနိုင်ကြောင်း မိုးဇလက ခန့်မှန်း ထားသည်။

ယင်းကြောင့် တောင်ငူ၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ သာပေါင်း၊ ပုသိမ်၊ မဒေါက်၊ ငသိုင်း ချောင်းမြို့များရှိ မြစ်ကမ်းအနီးနေထိုင်သူများ နှင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများအ နေဖြင့် သတိထားနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည်။

ထို့ပြင် ရေကြီးမှုများဆက်တိုက်ဖြစ်ပွား ခဲ့သည့် ပဲခူးမြို့ရှိ နေရာအချို့တွင် ရေပြန်ကျ လာပြီဖြစ်ကြောင်း ပဲခူးမြို့ခံများ၏ ပြောကြား ချက်အရ သိရသည်။

ပဲခူးမြို့ရှိ နေရာအတော်များများတွင် သုံးရက်ဆက်တိုက်ရေမကျခဲ့သည့်နေရာများ တွင် ရေပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

“အထက ၁ ကျောင်းတို့ဘာတို့မှာတော့ သန့်ရှင်းရေးပြန်လုပ်နေပြီ။ အနိမ့်ပိုင်းရပ်ကွက် တွေတော့ ရေကျန်နေပါသေးတယ်” ဟု ပဲခူး မြို့ခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးရွာသွန်းမှု များလာပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်း နေသည့် ပဲခူးမြစ်ရေ မြင့်တက်လာခဲ့ပြီး ရေ ကြီးရေလျှံမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တစ်ပတ်နီးပါးကာလအတွင်း ရေကြီးရေ လျှံမှုကြောင့် သေဆုံးသူများတွင် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဓာတ်လိုက်မှုကြောင့် ဆယ် ကျော်သက်အရွယ် ကျောင်းသားတစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သေဆုံးမှုများ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

ရှစ်နှစ်အရွယ် ကလေးငယ်သည် ဆော့ ကစားနေစဉ် မြောင်းပေါက်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ပြီး ဓာတ်လိုက်သေဆုံးခဲ့သည့် ဆယ်ကျော်သက် အရွယ်ကျောင်းသားသည် စက်ဘီးစီးလာစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကလေးလေးရော ကျောင်းသားလေး ရော တစ်ရက်တည်း ဆုံးတာပါ။ ကျောင်းသား က ဖုန်းအားသွင်းထားတာ သွားယူပြီး စက်ဘီး နဲ့ ပြန်လာတာပါ။ အဲဒီနားမှာ ရေကနည်း နည်းလေးပဲရှိတယ်။ အထက (၁) ကျောင်းရှေ့ နားမှာ ဓာတ်လိုက်ခံရတာပါ” ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပဲခူးမြို့ပေါ်ရပ်ကွက်တွင် လူလတ် ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

အလားတူ ပဲခူးမြို့တွင် ရေကြီးရေလျှံမှု ကြောင့် ကျောင်းအချို့ကို ယာယီပိတ်ထားရပြီး ရေပြန်ကျချိန်တွင် ပိတ်ထားခဲ့ရသည့်ရက်များ အတွက် အစားထိုး ပြန်လည်ဖွင့်လှစ်ရန် ပဲခူး တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

ရေကြီးခဲ့သည့်နေရာအချို့မှာ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ ပင်စည်ရပ်ကွက် အတွင်း ကားလမ်းရေကျော်ခြင်း၊ ဘောနတ် ကြီးကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေးဂိတ် အနီး ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေခြင်းနှင့် ပဲခူးရပ်ကွက်အချို့၊ ဇိုင်းဂနိုင်ဘက်တို့ဖြစ် ကြောင်း သိရသည်။

Most Read

Most Recent