စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 28 October 2018





ဂီတာဖေး - ဘက်တစ် (၂၈-၁၀-၂၀၁၈ ညနေ ၅း၃၀)

ဂီတာဖေးကစားပုံ တဖြည်းဖြည်းတိုးတက်လာနေသလိုပါ ပဲ။ ဘက်တစ်ကလည်း ကစားအားကောင်းပေမယ့်ဂိုးသွင်းနှုန်း ပုံမှန်မဟုတ်သေးသလို၊ အဝေးကွင်းဆိုရင်ထိန်းကစားဖို့ ကြိုး စားတာများတယ်။ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဘာစီလိုနာ - ရီးယဲလ်မက်ဒရစ် (၂၈-၁၀-၂၀၁၈ ည ၉း၄၅)

မက်ဆီနဲ့ စီရော်နယ်လ်ဒိုမပါတဲ့ El Clásico ကိုမြင်တွေ့ရတော့မယ်။ စီရော်နယ်လ်ဒို ရီးယဲလ်ကထွက်ခွာသွားလို့ရီးယဲလ် ဂိုးရဖို့ ရုန်းကန်နေရပြီး ဝေဖန်မှုတွေမြင့်တက်နေချိန်မှာ ဘာစီလိုနာကလည်း မက်ဆီဒဏ်ရာကြောင့်နားရဖို့ရှိနေလို့ ရီးယဲလ် ကို မက်ဆီမပါဘဲ ရင်ဆိုင်ရတော့မယ်။ ဒီရာသီ မက်ဆီ ပွဲအစမပါတဲ့ ဘီလ်ဘာအိုနဲ့အိမ်ကွင်းပွဲမှာ ဘာစီလိုနာဂိုးရဖို့ အတော်လေး ရုန်းကန်ကစားခဲ့ရပြီး၊ မက်ဆီဝင်လာမှ ဂိုးရခဲ့တာကိုကြည့်ရင်မက်ဆီရဲ့ ဘာစီလိုနာတိုက်စစ်အပေါ်  လွှမ်းမိုးထားနိုင်မှုကိုမြင်သာ နေလို့ အခုရီးယဲလ်နဲ့ပွဲမှာလည်းဘာစီလိုနာတိုက်စစ်ဂိုးရဖို့ ရုန်းကန်ရမယ်ထင်တယ်။ ရီးယဲလ်ကတော့ (၅)ပွဲဆက်နိုင်ပွဲပျောက် မှုနဲ့အတူနည်းပြလိုပယ်တယ်ဟီ ထိုင်ခုံလှုပ်နေချိန်ဖြစ်နေတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိခြေစွမ်းပိုင်းကတော့ သိပ်အကွာကြီးမဟုတ်ပေမယ့် ဘာစီလိုနာက ဂိုးသွင်းနှုန်းပိုကောင်းနေတာတော့အမှန်ပဲ။ အိမ်ကွင်းမှာ ဘီလ်ဘာအိုနဲ့ ပွဲကလွဲပြီးကျန်တဲ့ပွဲတွေ မှာ တစ်ပွဲအနည်းဆုံး (၂)ဂိုးနှုန်းလောက်ရနေလို့ လက်ရှိရီးယဲလ်ရဲ့ ခံစစ်နဲ့ဆိုရင်ဘာစီလိုနာဂိုးရအောင်ကစားနိုင်မှာတော့ သေ ချာပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံး ဒီပွဲကို ထိန်းကစားသွားဖို့ရှိလို့ဂိုးနည်းသရေပွဲပဲ မှန်းထားရင်ကောင်းမယ်ထင်တယ်။

အလာဗတ်စ် - ဗီလာရီးယဲလ် (၂၈-၁၀-၂၀၁၈  ၁၂းဝ၀)

ရီးယဲလ်မက်ဒရစ်၊ ဆယ်လ်တာဗီဂိုတို့ကို ပေးဂိုးမရှိဘဲ အနိုင်ကစားပြထားနိုင်တဲ့ အလာဗတ်စ်ရဲ့ကစားအားနဲ့ စိတ်ဓာတ်ကို ဒီရာသီပုံမှန်ခြေပျောက်နေတဲ့ ဗီလာရီးယဲလ်မနည်း ယှဉ်ကစားရလိမ့်မယ်။ ဒီပွဲမတိုင်မီယူရိုပါလိဂ်နွှဲထားရတာက လည်း ဗီလာရီးယဲလ်ဘက်က အားနည်းမှုလိုဖြစ်နေလို့ အလာ ဗတ်စ်နဲ့ ဂိုးအနည်းပဲရွေးထားရမယ်ထင်တယ်။

ဆီဗီလာ နှင့် ဟူဆကာ (၂၉-၁၀-၂၀၁၈  ၂း၁၅)ကြားရက်မှာ ဥရောပပွဲနွှဲခဲ့ရပေမယ့် ဆီဗီလာ အိမ်ရှင်ဖြစ်နေတာရယ် လက်ရှိတိုက်စစ်အားရယ်အရတော့ဒီလိုပွဲမျိုးမှာ စိုးရိမ်စရာသိပ်မရှိနိုင်ပါဘူး။ ဟူဆကာကတော့ အနေအထားအမှန်ကိုမြန်မြန်ဆန်ဆန်ပဲပြန်ရောက်သွားတယ်လို့ဆိုရမှာပါ။ ဆီဗီလာရဲ့တိုက်စစ်ပိုင်းအနေနဲ့ ဒီလိုပွဲမျိုးမှာ ဂိုးဘယ်လောက်သွင်းနိုင်မလဲပဲစောင့်ကြည့်ရပါလိမ့်မယ်။ ဆီဗီလာနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

Most Read

Most Recent