မန်စီးတီးတွင် ပျော်ရွှင်နေကြောင်း အယ်လ်ဗာရက်ဇ် ဆို

မန်စီးတီးတွင် ပျော်ရွှင်နေကြောင်း အယ်လ်ဗာရက်ဇ် ဆို
Photo: Getty Images
Photo: Getty Images
Published 1 August 2024

မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က အိုလံပစ်အပြီးတွင် ၎င်း၏အနာဂတ်ကိုဆုံးဖြတ်မည်ဟု ပြောဆိုထားသော်လည်း လက်ရှိအသင်းတွင်ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ အယ်လ်ဗာရက်ဇ်သည် အက်သလက်တီကိုအသင်း၏စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်သည်။

အယ်လ်ဗာရက်ဇ်က ''ကျွန်တော်က ရာသီတိုင်းမှာ ပြီးခဲ့တဲ့ရာသီက ဘာဖြစ်ခဲ့တယ်။ လာမယ့်ရာသီက ဘယ်လိုဆိုတာကို တွေးလေ့ရှိပါတယ်။ မန်စီးတီးမှာ သက်သောင့်သက်သာရှိပြီး ကျွန်တော် ပျော်နေပါတယ်။ ဒီတော့ အသင်းနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ မကောင်းမပြောပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent