မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကျဆင်းသွားပြီး ရေဘေးရှောင်စခန်းများ၌ ခိုလှုံနေသည့် ရေဘေးရှောင်များ နေအိမ်သို့ပြန်ပြီဖြစ်ကြောင်း သိရ

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကျဆင်းသွားပြီး ရေဘေးရှောင်စခန်းများ၌ ခိုလှုံနေသည့် ရေဘေးရှောင်များ နေအိမ်သို့ပြန်ပြီဖြစ်ကြောင်း သိရ
​​​​​​​မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကျဆင်းပြီးနောက် တင်ကျန်ခဲ့သည့်အမှိုက်သရိုက်များကို  တွေ့ရစဉ် (ဓာတ်ပုံ- CJ)
​​​​​​​မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကျဆင်းပြီးနောက် တင်ကျန်ခဲ့သည့်အမှိုက်သရိုက်များကို  တွေ့ရစဉ် (ဓာတ်ပုံ- CJ)
Published 30 July 2024
ကိုရွှေသိန်း (မြဝတီ)

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၈ ရက်က ရေပြန်ကျခဲ့ပြီး ဇူလိုင်  ၂၉ ရက်တွင် ပုံမှန်ရေအနေအထားသို့ ရောက်ရှိ သွားပြီဖြစ်၍ ဇူလိုင် ၃၀ ရက်တွင် ရေဘေး ရှောင်စခန်းအားလုံးရှိ ရေဘေးရှောင်များ နေအိမ်သို့ ပြန်ကြပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး နောက် တင်ကျန်ရစ်သော အမှိုက်သရိုက်များ ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စည်ပင်သာ ယာရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များက ရှင်းလင်းနေရဆဲဖြစ်ကြောင်းနှင့် ရေထွက်ပေါက် ပိတ်နေသော ချိုင့်များတွင် ရေများကျန်နေ ဆဲဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၃) ရပ်ကွက်ရှိ အထက (၂) ဝန်းကျင်တွင် သောင်းရင်းမြစ်သို့ ဦးတည် သော ရေနုတ်မြောင်းများပိတ်နေကာ  လမ်း ပေါ်တွင် အမှိုက်သရိုက်များနှင့်အတူ ရေတစ် ပေခန့်ကျန်နေပြီး ကျောင်းသူကျောင်းသားများ သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

ထို့အတူ အမှတ် (၅) ရပ်ကွက် မြို့ပတ် လမ်းတွင် လမ်းပိတ်သွားသည်အထိ အမှိုက် များ ပြည့်နေပြီး ယာဉ်သွားလာ၍မရဖြစ်နေ ကြောင်း သိရသည်။

ရပ်ကွက်အတွင်းရှိ အမှိုက်များကို မြဝတီ ဖောင်ဒေးရှင်းနှင့် စေတနာရှင်များကလည်း လိုက်လံရှင်းလင်းလျက်ရှိပြီး အလှူရှင်များ ကလည်း ရေဘေးရှောင်စခန်းနောက်ဆုံးရက် အဖြစ် ဇူလိုင် ၃၀ ရက် နံနက်တွင်  သွားရောက် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

 

Most Read

Most Recent