■ မြို့ ၁၀ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် လေးပေခန့် ကျော်လွန်နေကာ အနည်းငယ်သာ ကျဆင်းနိုင်

■ မြို့ ၁၀ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် လေးပေခန့် ကျော်လွန်နေကာ အနည်းငယ်သာ ကျဆင်းနိုင်
Published 30 July 2024

■ မြို့ ၁၀ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် လေးပေခန့် ကျော်လွန်နေကာ အနည်းငယ်သာ ကျဆင်းနိုင်

■ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ပဲခူးမြို့တွင် စာသင်ကျောင်းအချို့ပိတ်ထားရပြီး စက်ဘီးစီးလာသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

မြို့ ၁၀ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ပဲခူးမြစ်ရေမှာ စိုးရိမ်ရေမှတ် အထက် လေးပေခန့် ကျော်လွန်နေကာအ နည်းငယ်သာ ကျဆင်းနိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ် ပြန်သည်။

မြစ်ရေများမြင့်တက်နေသည့် မြစ်များ မှာ ဧရာဝတီ၊ ပဲခူး၊ စစ်တောင်း၊ ငဝန်၊ ဘီး လင်း၊ ရွှေကျင်၊ တိုးမြစ် အစရှိသည့် မြစ်များ ဖြစ်သည်ဟု ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းတွင် မိုးဇလက ထုတ်ပြန်သည်။

ဧရာဝတီမြစ်သည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့်ကျော်နေပြီး လာမည့် တစ်ရက်အတွင်း စိုးရိမ်ရေမှတ် အောက် ကျဆင်းနိုင်ကြောင်း၊ စစ်တောင်းမြစ် ရေသည် မဒေါက် မြို့တွင် စိုးရိမ်ရေမှတ်ထက် ခြောက်ပေခွဲခန့်ကျော်နေပြီး လာမည့်တစ် ရက်အတွင်း လေးလက်မခန့် သာကျဆင်းနိုင် ကြောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် စိုးရိမ်ရေမှတ်ထက် သုံးပေခန့်ကျော် နေ ပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျ ဆင်းနိုင်သည်ဟု မို ဇလက ထုတ်ပြန်သည်။

ပဲခူးမြစ်ရေမှာ ပဲခူးမြို့တွင် စိုးရိမ်ရေ မှတ်ထက် လေးပေခန့်ကျော်နေပြီး လာမည့် တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းနိုင် ကြောင်း မိုးဇလက ဆို သည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုး ရိမ်ရေမှတ်ထက် ခြောက်ပေခန့် ကျော်နေပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့်သာ ကျ ဆင်းနိုင်ကြောင်း၊ တိုးမြစ်ရေသည်မအူပင် မြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့်ကျော် နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် သည်။

ငဝန်မြစ်ရေမှာ ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် နှစ်ပေကျော်နေပြီး လာ မည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းနိုင် ကြောင်း၊ သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ် ထက် နှစ်ပေကျော်နေပြီးလာမည့် တစ်ရက် အတွင်း နှစ်လက်မသာကျဆင်းနိုင်ကြောင်း၊ ပုသိမ်မြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်နေပြီး နောက်တစ်ရက်အတွင်းတစ်ပေ ခန့် ထပ်မံမြင့်တက်နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ် ပြန်ထားသည်။

ယင်းကြောင့် ဟင်္သာတ၊ဇလွန်၊ ရွှေကျင်၊  ပဲခူး၊ ဘားအံ၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ မဒေါက်၊ ငသိုင်းချောင်းမြို့များတွင် မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြု နေထိုင်ကြရန် မိုးဇလက သတိပေးထုတ်ပြန် ထားသည်။

ထို့ပြင် ပဲခူးမြို့တွင် ပဲခူးမြစ်ရေမြင့်တက် မှုကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းအချို့ပိတ် ထားရကြောင်း ပဲခူးမြို့ခံများ၏ ပြောကြား ချက်များအရ သိရသည်။

အထက ၁ ပဲခူးကတော့ နှစ်ရက်ပိတ် ထားရတယ် ဟု ပဲခူးမြို့ခံတစ်ဦးကပြောကြား  သည်။

ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ ပေါ်တွင် စက်ဘီးစီးလာသည့်လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်ဟု သိရသည်။

ဖုန်းအားသွင်းထားတာသွားယူပြီး စက်ဘီးနဲ့ပြန်လာတာပါ။ အဲ့ဒီနားမှာ ရေက နည်းနည်းလေးပဲရှိတယ်။ အထက ၁ ကျောင်း ရှေ့နားမှာဓာတ်လိုက်ခံရတာပါ ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ပဲခူးမြို့ပေါ်၌ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အ ချို့တွင် နေထိုင်သူများကို ပြောင်းရွှေ့ပေးရ ခြင်းများရှိနေသည်ဟု လူမှုကူညီရေးအသင်း အချို့ထံမှ သိရသည်။

ပဲခူး-ရန်ကုန်လမ်းပိုင်းတွင်လည်း လမ်း ရေကျော်ခြင်းများရှိနေပြီး လမ်းပိုင်းတာဝန် ယူထားသည့် Max ဟိုင်းဝေးကုမ္ပဏီကလည်း သွားလာသည့်မော်တော်ယာဉ်များကို သတိ ပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့တွင် လူ တစ်သောင်းသုံးထောင်ကျော် ရေဘေးသင့်ခဲ့သည်။

မိုးလေဝသစောင့်ကြည့်လေ့ လာသူ ဦးဝင်းနိုင်ကလည်း ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းတို့တွင် လေးရက်ဆက်တိုက် မိုး ရွာသွန်း မှုများရှိနေမည်ဟု ခန့်မှန်းထားသည်။

ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ဇိုင်း^တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘာ ဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ရွှေနံ့သာကျောင်းတိုက်၊ ရွာ သစ်ရပ်ကွက်ရှိ အလက (ခွဲ) ရွာသစ်ကျောင်း၊ ဥဿာ (၇) ရပ်ကွက်ရှိ ဒက္ခိဏာသာခါကျောင်း တိုက်၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ် ကျောင်းတိုက်၊ မဇင်းရပ်ကွက်ရှိ လေးမျက်နှာ ကျောင်းတိုက်၊ မြို့သစ်ရပ်ကွက်ရှိ ဆုတောင်း ပြည့်ဘုန်းကြီးကျောင်းတို့တွင် ကူညီကယ် ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေ သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

Most Read

Most Recent