ရပ်ရှ်ဖို့ဒ် အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာလိမ့်မည်ဟု တန်ဟက်ဂ် သုံးသပ်

ရပ်ရှ်ဖို့ဒ် အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာလိမ့်မည်ဟု တန်ဟက်ဂ် သုံးသပ်
Photo: X
Photo: X
Published 29 July 2024

မန်ယူနည်းပြ တန်ဟက်ဂ်က အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ၎င်း၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာလိမ့်မည်ဖြစ်ပြီး ယင်းအတွက် လက်ထောက်နည်းပြသစ် နစ္စတယ်ရွိုင်းက ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

''ဒါက နစ္စတယ်ရွိုင်း ဒီကို ဘာကြောင့် ရောက်လာသလဲဆိုတာရဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ ဒါပေမဲ့ သူက တိုက်စစ်မှူးတွေအတွက် သက်သက်မဟုတ်ပါဘူး။ သူက ဒီထက်အများကြီး ပိုပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ကိုယ့်ကိုယ်ကို သက်သေပြနိုင်ဖို့တော့ လိုပါတယ်။ ကျွန်တော်ကတော့ သူ့ကို လွန်ခဲ့တဲ့ (၂)နှစ်ကလိုမျိုး ပြန်လုပ်ပြနိုင်လိမ့်မယ်လို့ (၁၀၀%)ယုံကြည်ပါတယ်''ဟု တန်ဟက်ဂ်က ဆိုခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် လွန်ခဲ့သည့်(၂)နှစ် ၂၀၂၂-၂၃ ရာသီတွင် ပြိုင်ပွဲစုံ၌ ဂိုး(၃၀)သွင်းယူကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။

Most Read

Most Recent