ဗင်နီစီယပ်စ်နဲ့ Ballon d'Or ဆု

ဗင်နီစီယပ်စ်နဲ့ Ballon d'Or ဆု
Photos: AFP
Photos: AFP
Published 27 July 2024
AK

ဗင်နီစီယပ်စ်က သူ ဘယ်လောက်ပါရမီရင့်သန်လဲဆိုတာ ခိုင်မာစွာသက်သေပြထားပြီးပါပြီ။ စီရော်နယ်လ်ဒိုခေတ်လွန် ရီးယဲလ်ရဲ့ အဓိက အသက်သွေးကြောဖြစ်ပြီး ဘယ်လောက်ခမ်းခမ်းနားနား အောင်ပွဲတွေ ဆွတ်ခူးနိုင်မလဲဆိုတာ ခန့်မှန်းရခက်နေတယ်။ သူက တခြားလူငယ်တွေထက် ပိုပြီးပြင်းထန်တဲ့ လောကဓံကို ခံစားခဲ့ရတယ်။ လာလီဂါပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လူမှိုးရေး ခွဲခြားမှု ဆဲဆိုသံတွေကြားကနေ ဗင်နီစီယပ်စ် တိုးထွက်လာခဲ့တာပါပဲ။ သူ့နေရာမှာ ကျွန်တော်တို့သာဆိုရင် ခွဲခြားဆက်ဆံခံရလွန်းလို့  ပြိုလဲရပ်တန့်သွားမယ်ထင်တယ်။ ဗင်နီစီယပ်စ်ကတော့ ခွဲခြားဆက်ဆံမှုတွေကိုဂရုမစိုက်ဘဲ ချီတက်နေခဲ့တယ်။ ရီးယဲလ်ရဲ့လူပြောအများဆုံး ကစားသမားဟာ ဘယ်လင်ဂမ် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ နောက်မှပေါက်တဲ့ ရွှေကြာပင်က အစွမ်းကုန်လင်းပနေပါတယ်။ ဗင်နီစီယပ်စ်က ဘယ်လင်ဂမ်ထက် ရီးယဲလ် အမှုတော်ထမ်းခဲ့တာ ကြာပါပြီ။ ရီးယဲလ်ကို အကောင်းဆုံးအခိုက်အတန့်တွေ ဖန်တီးပေးခဲ့တာ ကြာပါပြီ။ 

 

Most Read

Most Recent