■ ကာလာဖီအိုရီအား အာဆင်နယ် ဆေးစစ်ဆေးပြီးနောက် အမေရိကတွင် အသင်းနှင့်ပူးပေါင်းဖွယ်ရှိ     

■ ကာလာဖီအိုရီအား အာဆင်နယ် ဆေးစစ်ဆေးပြီးနောက် အမေရိကတွင် အသင်းနှင့်ပူးပေါင်းဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

အာဆင်နယ်အသင်းက ကာလရှည်ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဘိုလော့ဂ်နာအသင်း၏ အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီသည် အာဆင်နယ်အ သင်းနှင့် ဆေးစစ်ဆေးမှု ပြုလုပ်တော့မည်ဖြစ်ပြီး အမေရိကခြေစမ်းခရီးစဉ်အတွင်း အသင်းနှင့် ပူးပေါင်းသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။

    

ကာလာဖီအိုရီသည် အာဆင်နယ်အသင်းနှင့် ယခုလအစောပိုင်းကတည်းက သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သော်လည်း အာဆင်နယ်အသင်းနှင့် ဘိုလော့ဂ်နာအသင်းတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုများအဆင်မပြေဖြစ်နေသည့်အတွက် အပြောင်းအရွှေ့အတွက် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းက ယခုအချိန်တွင်မူ အသက် (၂၂) နှစ်အရွယ်သာ ရှိသေးသည့် အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းနှင့် ပြောင်းရွှေ့ကြေးကိစ္စအဆင်ပြေခဲ့ခြင်းဖြစ်ပြီး မကြာမီ အသင်းနှင့် ဆေးစစ်ဆေးမှုပြုလုပ်ကာ စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း  မီဒီယာများက ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။

    

ကာလာဖီအိုရီသည် ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသည့် အီတလီအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး အီတလီအသင်းသည် ဆွစ်ဇာလန်နှင့်ပွဲတွင် ကာလာဖီအိုရီ မပါဝင်နိုင်သည့်အတွက် နစ်နာမှုများ ရှိခဲ့သည်ဟု မီဒီယာများက ရေးသားခဲ့သည်။

    

အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီးနောက် လာမည့်စနေနေ့တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားသွားမည်ဖြစ်ပြီး ကာလာဖီအိုရီသည် ယင်းနေ့ပွဲစဉ်အမီ အာဆင်နယ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စရပ်များကို အ ပြီးသတ်နိုင်ဖွယ်ရှိနေသည်။ 

ယင်းနောက် ဇူလိုင်လ (၃၁) ရက်နေ့တွင် လီဗာပူးလ်အသင်းနှင့် အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ခြေစမ်းပွဲတစ်ပွဲ ထပ်မံကစားသွားရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

    

ကာလာဖီအိုရီသည် ပြီးခဲ့သည့်ရာသီက ဘိုလော့ဂ် နာအသင်းအတွက် စုစုပေါင်း ပွဲ (၃၀) ကစားပေးခဲ့ရာတွင် သွင်းဂိုး (၂) ဂိုးနှင့် ဂိုးဖန်တီးမှု (၅) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ခံစစ်ကစားသမားတစ်ဦးအနေဖြင့် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ဖြစ်ခဲ့သည်။ ဘိုလော့ဂ်နာအသင်းမှာလည်း ရာသီကုန် စီးရီးအေအမှတ်ပေးဇယားတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။ 

    

ကာလာဖီအိုရီသည် ရိုးမားအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ဘေဆယ်လ်အသင်းထံသို့ ၂၀၂၂   ခုနှစ်တွင် ပေါင် (၃.၃) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဘိုလော့ဂ်နာအသင်းနှင့် နှစ်ဦးပိုင်စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

Most Read

Most Recent