■ ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ယန်နစ်ဆင်နာ အာသီးရောင်နေသဖြင့် ပါရီအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်     

■ ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ယန်နစ်ဆင်နာ အာသီးရောင်နေသဖြင့် ပါရီအိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်     
Photo: Sky Sports
Photo: Sky Sports
Published 26 July 2024

လက်ရှိ နိုင်ငံတကာအမျိုးသား တင်းနစ်အဖွဲ့ချုပ် (ATP) ၏ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ယန်နစ်ဆင်နာသည် အာသီးရောင် ဝေဒနာကြောင့် ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

    

ဆင်နာ (၂၂ နှစ်) သည် ပါရီအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်မှုပြုလုပ်နေစဉ် နေမကောင်းသဖြင့် အသင်း၏ ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့်ပြသရာ အာသီးရောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ဆရာဝန်က ပြိုင်ပွဲများယှဉ်ပြိုင်ခြင်းမပြုရန် အကြံပေးမှုအရ ယခုအချိန်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အိုလံပစ်ပြိုင်ပွဲမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ဆင်နာက လူမှုမီဒီယာ X မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။ 

ဆင်နာသည် ပါရီအိုလံပစ်ပြိုင်ပွဲ၌ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပွဲစဉ်များ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

အိုလံပစ်တင်းနစ်ပြိုင်ပွဲကို ဇူလိုင် (၂၇) ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဆင်နာနုတ်ထွက်သွားသဖြင့် ၀ါရင့်ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ဆီဒင် (၁) ရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent