မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် မြဝတီ မြို့ပေါ်ရပ်ကွက်အချို့နှင့် အာရှလမ်း ရေကြီးရေလျှံမှုဖြစ်ပေါ်

မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် မြဝတီ မြို့ပေါ်ရပ်ကွက်အချို့နှင့် အာရှလမ်း ရေကြီးရေလျှံမှုဖြစ်ပေါ်
မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် အာရှလမ်း မြေနီကုန်းလမ်းဆုံတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် (ဓာတ်ပုံ- ဘီဝမ်း)
မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် အာရှလမ်း မြေနီကုန်းလမ်းဆုံတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် (ဓာတ်ပုံ- ဘီဝမ်း)
Published 25 July 2024
ကိုရွှေသိန်း(မြဝတီ)

ကရင်ပြည်နယ် မြဝတီ မြို့နယ်တွင် မိုး အဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် မြဝတီ မြို့ပေါ်ရပ်ကွက်ဖြစ်သော အမှတ်၄ရပ် ကွက် နှင့် အာရှလမ်း မြေနီကုန်းလမ်းဆုံတို့တွင် ရေလွှမ်းမိုးလျက်ရှိသည်။

ဇူလိုင်လ ၂၃ရက် ညပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြဝတီ ဘုရင့်နောင်လမ်း အမှတ်၄ ရပ်ကွက်ရုံးအရှေ့၊   မြေနီကုန်းလမ်းဆုံ နေရာနှင့် နတ်သျှင်နောင် လမ်း အရန်မီးသတ်ရုံးရှေ့၊ ဗိုလ်ချုပ်လမ်း လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့လမ်း ၊ သုခိတာလမ်းတို့တွင် ရေလွှမ်းမိုးကာ နေအိမ် နှင့် ဆိုင်ခန်းအများအပြား ရေနစ်မြုပ်လျက်  ရှိကြောင်းသိရသည်။

မြဝတီမြို့ သုခိတာလမ်းတွင် နေထိုင် သူတစ်ဦးက “ မြဝတီမြို့ အမှတ်၄ ရပ်ကွက် KBZ 3 နှင့် မိုးထမင်းဆိုင်ထောင့်မှ ရေနုတ် မြောင်းပိတ်ဆို့နေတာကြောင့် မိုးရွာပြီဆိုတာ နဲ့ ထုံးစံအတိုင်း  ရေမြုပ်နေပြီ။ အုတ်နံရံကြီး တစ်ခုလည်း တစ်လွှာလုံး အပြားလိုက်ပြိုကျ သွားတယ်။ အိမ်ရှေ့အိမ်က မွေးနေ့ပွဲက ရေ ပေါ်စျေးလေးဖြစ်နေပြီ။ တာဝန်ရှိသူတွေ  သိစေချင်ပါတယ်”ဟုဆိုသည်။

မြဝတီ မြို့ အမှတ်(၃)ရပ်ကွက်၊အထက ၂ အနီးတွင်လည်း ရေနုတ်မြောင်းစနစ် မ ကောင်းခြင်းကြောင့် လမ်းပေါ်တွင်ရေနစ်မြုပ် ကာ ကျောင်းသူ ကျောင်းသားများ သွားလာ ရေး ခက်ခဲလျက်ရှိသည်။

နတ်သျှင်နောင်လမ်းရှိ အရန်မီးသတ် ရုံး ရှေ့တွင်လည်း မိုးရေကြောင့် သွားလာရေး ခက်ခဲလျက်ရှိသလို ဗိုလ်ချုပ်လမ်းတွင်လည်း မိုးရေနစ်မြုပ်နေခြင်းကြောင့် ယာဉ်အသွားအ လာ ခက်ခဲလျက်ရှိသည်။

မြဝတီမြို့မှဒေသခံတစ်ဦးက”လမ်း ဘေး ရေမြောင်းတွေက သောင်ရင်းမြစ်ထဲကို ဦးတည်တာပါ။ရေမြောင်းဖောက်လုပ် ကုန်း မြင့်ရင် မြင့်တဲ့အတိုင်းလုပ်ထားတော့ ရေက မဆင်တော့ဘူးလေ ၊ဒီကြားထဲရေမြောင်းကို ပိတ်တဲ့လူတွေလည်းရှိသေးတယ်ရေထွက် ပေါက်တွေမရှိတော့ ချိုင့်ကျတဲ့နေရာ တွေ ဆိုရင် မိုးဆိုတာနဲ့ မြုပ်တော့တာပါပဲ” ဟု ပြောကြားခဲ့သည်။

မြဝတီ အာရှလမ်းပိုင်း မြေနီကုန်းလမ်း ဆုံတွင်လည်း ရေနုတ်မြောင်းစနစ်ကြောင့် မိုးရွာပြီဆိုသည်နှင့် အစဉ်လာမပျက် ရေနစ် မြုပ်ကာမော်တော်ယာဉ်များသွားလာမရဘဲ အခက်ကြုံလျက်ရှိသည်ဟု ဆိုသည်။

ယခုအခါ မိုးအဆက်မပြတ်ရွာသွန်းနေ ခြင်းကြောင့် သောင်ရင်းမြစ်ရေအနည်းငယ် မြင့်တက်လာပြီး သောင်ရင်းမြစ်ကမ်းစပ်အနီးအနိမ့်ပိုင်နေသူများအထူး သတိထားစောင့် ကြည့်နေကြပါရန် မြဝတီမြို့လူမှုကူညီရေး အသင်းများက ဆော်သြထားသည်။

 

Most Read

Most Recent