နာမည်ကြီးဘောလုံးသမားဟောင်း သန်းသန်းထွေး ဘောလုံးပြန်ကစားမည်ဖြစ်ပြီး ဧရာဝတီအမျိုးသမီးအသင်းနှင့် စာချုပ်ချုပ်ဆို

နာမည်ကြီးဘောလုံးသမားဟောင်း သန်းသန်းထွေး ဘောလုံးပြန်ကစားမည်ဖြစ်ပြီး ဧရာဝတီအမျိုးသမီးအသင်းနှင့် စာချုပ်ချုပ်ဆို
Photo: AFC
Photo: AFC
Published 24 July 2024

 

နာမည်ကြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးသမားဟောင်း သန်းသန်းထွေးသည် ဘောလုံးပြန်ကစားမည်ဖြစ်ပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဧရာဝတီအမျိုးသမီး အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

သန်းသန်းထွေးသည် ဘောလုံးကစားခြင်းမှ အနားယူထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သလို ဘောလုံးလောကနှင့် ကာလအတန်ကြာ အဆက်ပြတ်နေသော်လည်း ဧရာဝတီ အမျိုးသမီးအသင်းနှင့် စာချုပ် ချုပ်ဆိုကာ ဘောလုံးလောကသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ သန်းသန်းထွေးကို ခေါ်ယူနိုင်ခဲ့ကြောင်း ဧရာဝတီအမျိုးသမီးအသင်းက ဇူလိုင် ၂၂ ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ကျောနံပါတ်-၇ ဝတ်ဆင်ကစားမည်ဖြစ်သည်။ 

သန်းသန်းထွေးသည် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်သူဖြစ်ပြီး ဧရာ ဝတီတိုင်းဒေသကြီးကိုယ်စားပြု ဧရာဝတီ အမျိုးသမီးအသင်းနှင့် လက်တွဲခဲ့ခြင်းဖြစ်ပြီး ဧရာဝတီ အမျိုးသမီးဘောလုံးတိုးတက်ရေးတွင် ပါဝင်ကူညီမည်ဖြစ်ပြီး အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သောကြောင့် လူငယ်ကစားသမားများ တိုးတက်လာအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီအသင်းက သတင်းထုတ်ပြန်ခဲ့သည်။

သန်းသန်းထွေးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူခဲ့သူဖြစ်ပြီး ဘောလုံးကစားခြင်းမှ အနားယူပြီးချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၌ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သန်းသန်း ထွေးသည် မြန်မာဘောလုံးပရိသတ်များ၏ အချစ်တော် ကစားသမားတစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent