ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရွာလေးပိုင်းအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရွာလေးပိုင်းအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိ
Published 23 July 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ရွာလေးပိုင်းအတွင်း ဇူလိုင် ၂၂ ရက် မွန်း လွဲပိုင်းက လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး ကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင် က အဆိုပါ သိမ်ဇရပ်မြို့ ရွာလေးပိုင်း အတွင်း သို့ လက်နက်ကြီးကျည်သုံးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်းနှင့် လက်နက်ကြီးကျည် နှစ်လုံးမှာ ရွာလေးလမ်းမပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “နောက်ထပ် လက် နက်ကြီးကျည်တစ်လုံးက ဦးကိုလင်းဆိုသူရဲ့ နေအိမ်အနီးမှာကျရောက်ပေါက်ကွဲခဲ့လို့ ဦး ကိုလင်းမှာ နောက်စေ့နဲ့ ဘယ်ဘက်ရင်အုံအ နီးမှာ လက်နက်ကြီးကျည်စထိမှန်ပြီး အခင်း ဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တယ်” ဟု ပြောကြားသည်။

ထို့ပြင် ဦးကိုလင်း၏ ဇနီးဖြစ်သူ ဒေါ် ကြည်ကြည်ဝင်းတွင် ဘယ်ဘက်ရင်ဘတ်၌ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာနှင့် ဘယ် ဘက်လက်မကြေမွဒဏ်ရာ၊ အိမ်နီးချင်းဖြစ်သူ ဒေါ်ရင်ဝေလွင်တွင် ဦးခေါင်းနောက်စေ့ ပေါက် ပြဲဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် ည ၈ နာရီခန့် ကလည်း အဆိုပါ သိမ်ဇရပ်မြို့ ရွာလေးပိုင်းရှိ ဦးမျိုးမင်းဦးဆိုသူ ပိုင်ဆိုင်သော သစ်စက်အ လုပ်ရုံပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်းနှင့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် သစ်စက်အလုပ်သမား နှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း  ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လအတွင်းက လည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး ဝန်းကျင်ဒေသများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းနှင့် ကိုရင်တစ်ပါးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ သံဃာနှစ်ပါးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent