အာရှလမ်းသစ် ပိတ်ထားခြင်းနှင့် ဒေါနတောင်ကျော် လမ်းခရီး ခက်ခဲခြင်းတို့ကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ ရှစ်ဆခန့် လျော့ကျ

အာရှလမ်းသစ် ပိတ်ထားခြင်းနှင့် ဒေါနတောင်ကျော် လမ်းခရီး ခက်ခဲခြင်းတို့ကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ ရှစ်ဆခန့် လျော့ကျ
Published 23 July 2024

မြဝတီဒေါနေတာင်ကျော် အာရှလမ်း သစ်ပိတ်ထားခြင်းနှင့် ဒေါနတောင်ကျော် လမ်းခရီးခက်ခဲခြင်းတို့ကြောင့် ထိုင်းနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက်ဖြစ်သော  မြဝတီနယ် စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သုံးလခွဲခန့်တွင် ယခင်နှစ်ကာလ တူထက် ကုန်သွယ်မှုပမာဏ ရှစ်ဆခန့်လျော့ ကျလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်ထိစပ်နေသာ မြဝတီနယ် စပ်ကုန်သွယ်ရေးလမ်းကြောင်း ဒေါနတောင် ကျော်အာရှလမ်းသစ်သည် ၂၀၂၃ ခုနှစ် ဒီ ဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ယနေ့အထိ  ယာဉ်အသွားအလာပိတ်ထားဆဲဖြစ်ပြီး ကုန် ပစ္စည်းသယ်ယူရေးနှင့် ခရီးသည်ပို့ဆောင်ရေး အတွက် ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း၊ ယခင်လမ်း ဟောင်းတို့ကိုအသုံးပြုသွားလာနေကြသော် လည်း မိုးရာသီတွင် လမ်းပျက်ခြင်း၊ ရွှံ့နွံ ထူ ထပ်ခြင်းတို့ကြောင့် မော်တော်ယာဉ်များသွား လာရခက်ခဲကာ ကုန်သွယ်မှုနှောင့်နှေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ ဘဏ္ဍာနှစ်သစ် ၂၀၂၄ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၂ ရက်အထိ သုံးလခွဲခန့်တွင် မြဝတီနယ်စပ်စခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပို့ ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅၄၂ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန် ဒေါ်လာ ၁၆၁ ဒသမ ၉၈၃ သန်းနှင့် နှိုင်းယှဉ်ပါ ကဒေါ်လာ ၁၂၉ဒသမ ၄၄၁ သန်း လျော့ကျ ခဲ့သည်။

ထိုင်းနိုင်ငံထုတ်ကုန်များအား ပြည်တွင်း စျေးကွက်သို့ တင်သွင်းရာတွင်လည်း ဧပြီ ၁ ရက်မှ ဇူလိုင် ၁၂ရက်အထိ အမေရိကန်ဒေါ် လာ ၃၆ ဒသမ ၀၂၀ သန်းဖိုးသာ တင်သွင်းနိုင် သည့်အတွက် ယခင်နှစ်ကာလတူ သွင်းကုန် တန်ဖိုး ဒေါ်လာ ၃၆၁ ဒသမ ၀၈၃ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၂၅ ဒသမ ၀၆၃ သန်း အထိလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော စာရင်းများအရ သိရသည်။

ယခင် အာရှလမ်းသစ်ဖွင့်ထားဆဲကာလ ဘဏ္ဍာနှစ်သုံးလခွဲအတွင်း မြဝတီနယ်စပ်မှ သွင်းကုန်၊ ပို့ကုန် ကုန်သွယ်မှုပမာဏအဖြစ် အမေရိကန်ဒေါ်လာ  ၅၂၃ ဒသမ ၀၆၆ သန်း အထိ ကုန်သွယ်နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာ နှစ်သစ်တွင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၅၆၂  သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူကထက် ကုန်သွယ်မှု ရှစ် ဆခန့် လျော့ကျသွားသည်ဟု သိရသည်။

Most Read

Most Recent