■ နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို PSG အသင်း ခေါ်ယူနိုင်ဖွယ်ရှိ

■ နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို PSG အသင်း ခေါ်ယူနိုင်ဖွယ်ရှိ
Published 19 July 2024

PSG အသင်းသည် စီးရီးအေကလပ် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်ကို ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)ဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

    

တိုက်စစ်ပိုင်းအားဖြည့်ရန်လိုနေသော ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများကလည်း အိုဆင်မန်ကို စိတ်ဝင်စားနေကြပြီး အထူးသဖြင့် ချယ်လ်ဆီးအသင်းက အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။ 

သို့သော် ရီးယဲလ်မက်ဒရစ်သို့ အမ်ဘာပေ ပြောင်းရွှေ့သွားခြင်းကြောင့် ကုန်ကျစရိတ်လျော့သွားသည့် PSG အနေဖြင့် တိုက်စစ်ပိုင်းကို ထိပ်တန်းကစားသမားတစ်ဦးအားဖြည့်ရန် ပြင်ဆင်နေပြီး ခေါ်ယူနိုင်ရန်လည်း ယုံကြည်မှု ပိုမြင့်မားလာခဲ့သည်။ 

အီတလီမီဒီယာ SPORT Mediaset က အိုဆင်မန်၏အေးဂျင့်ဖြစ်သူ ကာလန်ဒါသည် PSG အသင်းနှင့် တိုက်ရိုက်ဆွေးနွေးရန်အတွက် ပါရီမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

နာပိုလီအသင်းပိုင်ရှင်ဖြစ်သူ ဒီလော်ရန်းတစ်သည် အိုဆင်မန်၏ ပြောင်းရွှေ့ကြေးကို ယူရို သန်း (၁၃၀)အထိ အလိုရှိနေသည်။

Most Read

Most Recent