■ အဓိကကစားသမားများကို နယူးကာဆယ်အသင်း ရောင်းမည်မဟုတ်     

■ အဓိကကစားသမားများကို နယူးကာဆယ်အသင်း ရောင်းမည်မဟုတ်     
Published 19 July 2024

နယူးကာဆယ်အသင်း၏ အမှုဆောင်အရာရှိချုပ် ဒါရင်းအီယာလက်စ်က အသင်း၏အဓိကကစားသမားများကို ရောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

နယူးကာဆယ်အသင်းသည် ယခုနွေတွင် ပရီးမီးယားလိဂ်ဘဏ္ဍာရေး စည်းမျဉ်းနှင့်ကိုက်ညီရန်အတွက် အသင်းကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်ရမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ဒါရင်းအီလက်စ်က "ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက် ညီဖို့ လုပ်သင့်တာတွေကို လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ အသင်းရဲ့အဓိကကစား သမားတွေဖြစ်တဲ့ အီဆက်ခ်၊ ဂေါ်ဒွန်၊ ဂီမာရေ့စ်၊ ဂျိုလင်တန်တို့ကို ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်ကိုမူ လီဗာပူးလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent