■ အီဘရာဟီမိုဗစ်၏သား အေစီမီလန်နှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို     

■ အီဘရာဟီမိုဗစ်၏သား အေစီမီလန်နှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို     
Photo: Goal.com
Photo: Goal.com
Published 19 July 2024

နာမည်ကျော် ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်၏ အကြီးဆုံးသားဖြစ်သူ မက်ဆီမီလီယန်သည် အေစီမီလန်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ 

မက်ဆီမီလီယန်သည် အသက်(၁၇)နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့်ရာသီက အေစီမီလန်ယူ-၁၈ အသင်းတွင် ကစားခဲ့ကြောင်း သိရသည်။ 

ယခုအခါ အေစီမီလန်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်ပြီး လာမည့်ရာသီ၌ အေစီမီလန်အရန်အသင်းနှင့်အတူ စီးရီးစီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

အီဘရာဟီမိုဗစ်၏ သားငယ် ဗင်းဆင့်မှာလည်း အေစီမီလန်လူငယ်အသင်းတွင် ကစားလျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent