နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်၏ ဈာပနအား ဇူလိုင် ၁၉ ရက်တွင် ပြုလုပ်မည်

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်၏ ဈာပနအား ဇူလိုင် ၁၉ ရက်တွင် ပြုလုပ်မည်
Published 18 July 2024

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်၏ စျာပနအား ဇူလိုင် ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃ နာရီ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင် စိုင်းဆိုင်မောဝ်အား ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ကောင်း အထူးကုဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

စိုင်းဆိုင်မောဝ်၏ ရုပ်ကလပ်အား ကောင်း အထူးကုဆေးရုံကြီးမှတစ်ဆင့် ရေဝေးသုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုတော် စိုင်းဆိုင်မောဝ်မှာ အသက် (၇၇)အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တေးသံရှင် စိုင်းဆိုင်မောဝ်သည် ရှမ်းပဲပုပ်လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊ တစ်ရွာသားနဲ့ပုဝါပါး၊ မူဆယ်နမ်းခမ်းလမ်း၊ ချစ်ဇနီးအတွက် တေး၊ စိုင်းချစ်တဲ့ ရတနာ၊ မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ စသည့် အောင်မြင်သော တေးသီချင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး တေးအယ်လ်ဘမ်များစွာကို ထွက်ရှိခဲ့သူဖြစ်သည်။

Most Read

Most Recent