နှစ်နိုင်ငံ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

နှစ်နိုင်ငံ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး
Published 17 July 2024

နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပို မိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ဒု တိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး မစ္စတာအဘ်ဟေးတာကူးရ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအ မတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်ကို ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံ ရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမို နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ Inter -national Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ မြ. ီမေါညေ ဗူနုျသျုင နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (Inter -national Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Dragan Aleksoski ကို ဇူလိုင် ၁၆ ရက် က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာ န၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လက်ရှိ ဆောင်ရွက်လျက်ရှိသည့်  IOM  ၏လုပ်ငန်း စဉ်များနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တို့အပေါ် အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent