နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာများနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာများနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး
Published 17 July 2024

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာများနှင့် လေ့ကျင့်ရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ် ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိ န္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရ ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး  H.E. Mr. Abhay Thakur  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၁၆ ရက်က နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းမိတ်ဆွေ ကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက် ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ် များ၊ သင်တန်းသားများ အပြန်အလှန်စေ လွှတ်ရေး၊ စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့သည် တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ် ပုံရိုက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ် သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှအရာရှိကြီးများ တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အ ကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး   တို့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေး ချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

          အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး  H.E. Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၁၆ ရက်က နေပြည် တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီရုံး ဧည့်တွေ့ဆောင်၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Most Read

Most Recent