ပြိုင်ဘက်ဒေါ်နယ်ထရန့်အား လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံရေးသဘောထားကွဲနေသော အမေရိကကို အေးဆေးတည်ငြိမ်ရန် ပြောကြား

ပြိုင်ဘက်ဒေါ်နယ်ထရန့်အား လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံရေးသဘောထားကွဲနေသော အမေရိကကို အေးဆေးတည်ငြိမ်ရန် ပြောကြား
အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းရှိ Resolute Desk မှ သမ္မတဂျိုးဘိုင်ဒင် မိန့်ခွန်းပြောကြားနေပုံကို ဇူလိုင် ၁၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းရှိ Resolute Desk မှ သမ္မတဂျိုးဘိုင်ဒင် မိန့်ခွန်းပြောကြားနေပုံကို ဇူလိုင် ၁၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 16 July 2024

လုပ်ကြံခံရခြင်းမှ ပြိုင်ဘက် ဒေါ်နယ်ထရန့် ကျော်လွှားခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က သဘောထားကွဲနေသောနိုင်ငံကို  အေးဆေးတည်ငြိမ်ရန် ပြောကြားခဲ့သည်။

အမေရိက၏ရန်လိုသော နိုင်ငံရေး အပူချိန်ကို လျှော့ချရန် အချိန်ကျရောက်နေပြီဟု ဘဲဥပုံရုံးခန်းမှ ရှားရှားပါးပါးပြောကြားသော မိန့်ခွန်းတွင် သမ္မတက ပြောကြားခဲ့သည်။ ဂျိုးဘိုင်ဒင်သည် အဆိုပါ မိန့်ခွန်းကို ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနိုင်ငံမှာ နိုင်ငံရေးမှတ်တမ်းဟာ အလွန်ပူလောင်နေတယ်ဆိုတာ ခင်ဗျားတို့သိကြပါတယ်။ အဲဒီပူလောင်မှု တွေကို အေးသွားအောင်လုပ်ဖို့ အချိန်တန်နေပါပြီ”ဟု ရုပ်သံမိန့်ခွန်းတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် ၎င်းသမ္မတသက်တမ်းအတွင်း သမိုင်းဝင် Resolute Desk မှ တတိယအကြိမ်မြောက် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံရေးဟာ စစ်မြေပြင်စစ်စစ် ဘယ်တော့မှ မဖြစ်ရပါဘူး။ ဘုရားသခင်က လူသတ်ကွင်းကို တားမြစ်ပါတယ်”ဟု သမ္မတက ပြောကြားခဲ့သည်။

 လျှို့ဝှက်ထောက်လှမ်းရေးသမားများက ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် အသက် ၂၀ အရွယ် ပစ်ခတ်သူ သောမက်စ်မတ်သရူး ခရို့စ်ကို ပစ်သတ်ခဲ့သည်။ ၎င်း၏ရည်ရွယ်ချက်ကို မသိရဟု အာဏာပိုင်များက ပြော ကြားခဲ့သည်။

ဗဟိုထောက်လှမ်းရေးဗျူရို(FBI)က ယင်းတိုက်ခိုက်မှုကို အလားအလာရှိသည့် ပြည်တွင်းအကြမ်းဖက် လုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးနေပြီး သောမက်စ်မတ်သရူးခရို့စ်၌  ရှိကောင်းရှိနိုင်သော အတွေးအခေါ်သဘော တရားများကို သိရှိရန် ၎င်း၏ဖုန်းကို လေ့လာနေသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ထရန့်ထောက်ခံသူများက အမေရိကန်လွှတ်တော်ကို တိုက်ခိုက်မှုသည် အခြေအနေ ထိန်းချုပ်မရတော့သည်ကို သက်သေပြနေခြင်းဖြစ်သည်ဟု မိန့်ခွန်းတွင် ဘိုင်ဒင်က ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီအကြမ်းဖက်မှု ပုံမှန်ဖြစ်သွားမှာကို ကျွန်တော်တို့ ခွင့်ပြုလို့မရပါဘူး”ဟု အသက် ၈၁ နှစ်အရွယ် သမ္မတက ပြောကြားခဲ့ပြီး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲသည် အမေရိကန်ပြည်ထောင်စုအတွက် စမ်းသပ်ချိန် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

တိုတောင်းသည့် မိန့်ခွန်းဖြစ်သော်လည်း အားပါသည့် မိန့်ခွန်းတွင် ဘိုင်ဒင်သည် ballot box (မဲပုံး)ကို battle box အဖြစ် နှစ်ကြိမ်ပြောသွားသည်မှလွဲ၍ အခက်အခဲကြီး ကြီးမားမားမရှိဘဲ ပြီးသွားသော မိန့်ခွန်းဖြစ်ခဲ့သည်။ ဒီမိုကရက်များသည် စကားစစ်ထိုးပွဲ၌ အခြေအနေဆိုးရွားခဲ့သော ဘိုင်ဒင်ကို အနီးကပ်စောင့်ကြည့်နေကြသည်။ အထူးသဖြင့် ဘိုင်ဒင်၏အသက်အရွယ်နှင့် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းတို့နှင့်ပတ်သက်၍ ဒီမိုကရက်များအကြား တွင် စိုးရိမ်မှုများ ပြန်လည်ပေါ် ပေါက်လျက်ရှိသည်။

ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှုက ၂၀၂၀ ပြည့်နှစ်တွင် ထရန့်ကို အနိုင်ခဲ့သော ဂျိုးဘိုင်ဒင်နှင့် ပြန်လည်ယှဉ်ပြိုင်ရမည့် အယူဝါဒကွဲပြားနေသော ရွေးကောက်ပွဲတွင် မျှော်လင့်ချက်မဲ့နေသော ခေတ်အပိုင်းအခြား သစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။

ထရန့်သည် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဘတ်တလာမြို့တွင် စည်းရုံးရေးဆင်းနေစဉ် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သော်လည်း  အသက်မသေခဲ့ပေ။

Ref:AFP

       

 

Most Read

Most Recent