မိုရာတာ၏နေရာအတွက် ဒေ့ါဗ်ဘိခ်၊ မူအာနီနှင့် ယိုကာရက်စ်တို့ (၃)ဦးထဲမှ တစ်ဦးဦးဖြင့်အစားထိုးရန် အက်သလက်တီကိုစီစဉ်နေ

မိုရာတာ၏နေရာအတွက် ဒေ့ါဗ်ဘိခ်၊ မူအာနီနှင့် ယိုကာရက်စ်တို့ (၃)ဦးထဲမှ တစ်ဦးဦးဖြင့်အစားထိုးရန် အက်သလက်တီကိုစီစဉ်နေ
Photo : Getty Images
Photo : Getty Images
Published 15 July 2024

လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်း၏ အသင်းမှထွက်ခွာရန်နီးစပ်နေသည့် စပိန်ဝါရင့်တိုက်စစ်မှူး မိုရာတာ၏နေရာတွင် ဂျီရိုနာအသင်းမှ ယူကရိန်းတိုက်စစ်မှူး ဒေါ့ဗ်ဘိခ် (၂၇ နှစ်)၊ PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး မူအာနီ (၂၅ နှစ်)နှင့် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ယိုကာရက်စ် (၂၆ နှစ်)တို့ (၃)ဦးထဲမှ တစ်ဦးဦးဖြင့်အစားထိုးရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်မိုရာတာသည် ယခုနွေရာသီတွင် စီးရီးအေထိပ်သီးကလပ်အေစီမီလန်အသင်းသို့ပြောင်းရွှေ့ရန်စီစဉ်နေပြီး ယူရိုပြိုင်ပွဲအပြီးတွင် တရားဝင်ကြေညာသွားဖွယ်ရှိကြောင်းသိရသည်။

အေစီမီလန်အသင်းသည် မိုရာအတွက်ပြောင်းရွှေ့ကြေးယူရို (၂၂)သန်း ဝန်းကျင်ပေးချေမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရို (၅.၅)သန်းဖြင့် (၄)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် အက်သလက်တီကိုအသင်းသည် အသင်း၏တိုက်စစ်ပိုင်းအတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြင့် တိုက်ရိုက်အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး ဆွီဒင်တိုက်စစ်မှူးယိုကာရက်စ်မှာ ဦးစားပေးပစ်မှတ်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent