၂၀၂၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

၂၀၂၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Copa America
Photo: Copa America
Published 14 July 2024

အာဂျင်တီးနား - ကိုလံဘီယာ (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)

■ Current Form

Argentina WWWWW

Colombia WWDWW

■ Head to Head

၇-၇-၂၁ (CA)    အာဂျင်တီးနား    ၁-၁    ကိုလံဘီယာ

၂-၂-၂၂ (CWC) အာဂျင်တီးနား ၁- ဝ ကိုလံဘီယာ

အသင်းခေါင်းဆောင် ဟာမီးစ်ရိုဒရီဂွက်ဇ်ရဲ့ ခြေစွမ်းပြမှုနဲ့ ကိုလံဘီယာအသင်းက ကိုပါအမေရိကဗိုလ်လုပွဲကို အံ့အားသင့် ဖွယ် တက်ရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။ အုပ်စုတွင်းမှာ ဘရာဇီးလ်ကို ကျော်ပြီး အုပ်စုပထမနေရာ ရယူခဲ့တာနဲ့ ဆီမီးဖိုင်နယ်မှာ ဥရုဂွေးအသင်းကို ကျော်ဖြတ်ခဲ့တာတွေကတော့ လေးစားစရာကောင်းပါတယ်။ အာဂျင်တီးနားကတော့ ပရိသတ်တွေ မျှော်လင့် ထားသလောက် ထူးထူးခြားခြားခြေစွမ်းမပြနိုင်တာကလွဲရင် ဒီပြိုင်ပွဲမှာ တိုက်စစ်၊ ခံစစ် ဟန်ချက်အညီဆုံးလို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ ကိုလံဘီယာအသင်းကလည်း အမှားအယွင်းနည်းနည်းနဲ့ ခြေစွမ်းပြနေချိန်ဖြစ်တာကြောင့် အာဂျင်တီးနားအသင်း ခက်ခက်ခဲခဲကစားရမှာဖြစ်ပေမဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ပါလိမ့်မယ်။

Most Read

Most Recent