မြဝတီ-မော်လမြိုင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ခရီးသည်ပိုဆောင်ရေး ယာဉ်ငယ်အချို့ ရပ်နား

မြဝတီ-မော်လမြိုင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ခရီးသည်ပိုဆောင်ရေး ယာဉ်ငယ်အချို့ ရပ်နား
Published 13 July 2024

မြဝတီ နယ်စပ်မြို့ မှ ပြည်တွင်းမြို့ များသို့ ခရီးသွားလာရာတွင် ဒေါနတောင်ကျော်လမ်းဟောင်းမှသွားလာခွင့်ရသော်လည်း  ကော့ကရိတ်မြို့တွင်းလမ်းမှ သွားလာခွင့် မရ၍ ခရီးသည်ပိုဆောင်ရေးယာဉ်ငယ်အချို့ ရပ်နားနေရ ကြောင်း မြဝတီ-မော်လမြိုင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးယာဉ်ငယ်မောင်းသူများထံမှသိရသည်။

ကော့ကရိတ်မြို့တွင်းမှသွားလာခွင့်မရဘဲ အောက်ဗိုလ်တဲ-ထီးဖိုးစံ လမ်းကသာ ပေးသွာခြင်းကြောင်း ယာဉ်ငယ်များ သွား၍ မရဘဲ ရပ်နားနေရကြောင်း မြဝတီ-မော်လမြိုင်ယာဉ်ငယ်မောင်းသူတစ်ဦးကပြောသည်။

""အာရှလမ်းပိတ်ထားတော့ ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်းနဲ့ 1018 လမ်းက သွားကြတယ်။မိုးရွာတော့ ဒီလမ်းတွေကသွားမရဘူး။လမ်းဟောင်က သွားလာခွင့်ရတယ်ဆိုတော့ လမ်းဟောင်းက သွားကြတာပေါ့၊ လမ်းဟောင်းရဲ့ ကော့ကရိတ်ဘက်ခြမ်း အောက်ဗိုလ်တဲကနေ ထီးဖိုးစံ လမ်းအတိုင်းသွားကြရတယ်၊ ရွာလမ်းတွေဆိုတော့ မကြာဘူး ပျက်တော့တာပဲ၊သွားလာရခက်ခဲတယ်။ပြီးခဲ့တဲ့လ ကုန်ခါနီးလောက်က ကော့ကရိတ်မြို့တွင်က ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပေမဲ့ ခု ဇူလိုင်  ပထမပါတ်မှာတင် မြို့တွင်းက ပေးမသွားတော့ဘူး။ရွာလမ်းတွေကလည်းပျက်နေ၊တောင်ကျော်လမ်းသုံးခုကလည်း မြေသားလမ်းတွေဘဲဆိုတော့ သွားမရပဲ ရပ်ထားရပါတယ်။"မြဝတီ -မော်လမြိုင် ခရီးသည်ပို့ဆေင်ရေးယာဉ်ငယ် မောင်းသူတစ်ဦးကပြောသည်။

မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်း ၊၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှ မိုးမရွာသည့်နေ့များတွင် 4wheel ပါသော Vego အမြင့်ကားများဖြင့် တောင်ကျော်ခရီးအဖြစ် သွားလာနေကြ ကြောင်းသိရသည်။

အချို့သော မြဝတီ-ရန်ကုန် ခရီသည်ပို့ဆောင်ရေးယာဉ်လိုင်းများမှာ မြဝတီမှ ထို့ကော်ကိုး တောင်ခြေထိ Vego ကားများဖြင့်ပို့ဆောင်ပေးပြီး တောင်ခြေမှ ရန်ကုန်ထိ ယင်းတို့၏ ယာဉ်လိုင်းမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးကြောင်းသိရသည်။

"ကားကတော့ နေ့တိုင်းထွက်ပါတယ်၊ဒီကနေ ထို့ကော်ကိုးတောင်ခြေထိ Vego နဲ့ပို့တယ်။တောင်ခြေရောက်တော့ ယာဉ်လိုင်းက ကားတွေနဲ့ပို့ပါတယ်၊ကားခတော့ တစ်ယောက်ကို၁၅၀၀၀၀ ကျပ်ပါ၊ မိုးမရွာရင်တော့နေ့ချင်းရောက်ပါတယ်။မိုးရွာရင်တော့ ညအိပ်ရတာပေါ့"ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးကပြောသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ဒေါနတောင်ကျော်အာရှလမ်းသစ်ပိတ်ထားဆဲဖြစ်ခြင်းကြောင့် မိုးရာသီ၌ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးယာဉ်များသွားလာရခက်ခဲ့ကာ ဆန်နှင့်အခြေခံစားကုန်များအဆမတန်စျေးမြင့်တက်ကာ စားသုံးမှုစျေးကွက်ကို ထိခိုက်လျက်ရှိကြောင်းသိရသည်။

Photo - CJ

Most Read

Most Recent