ပေါင်မြို့နယ် သဗြုချောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခေါင်ဆောင်သွားဟု ဆို

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခေါင်ဆောင်သွားဟု ဆို
Published 28 May 2026

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးဖိုးချစ် ဆိုသူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခေါင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မေ ၂၇ ရက် ည (၈) နာရီခန့်က အဆိုပါ သဗြုချောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးဖိုးချစ် မှာ ရွာအလယ်ပို်ငးရှိ ဆွမ်းလောင်းဓမ္မာရုံ၌ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မှ မော်တော်ကား၊ ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ ဦးဖိုးချစ်အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းကဆက်လက်ပြီး “ပြီးတော့ လက်နက်ကိုင်တွေက ဦးဖိုးချစ်ရဲ့အိမ်ကိုလည်းဝင်စီးပြီးတော့ ဦးဖိုးချစ် ကိုင်ဆောင်တဲ့ M -21 သေနတ် တစ်လက်နဲ့ ကျည်ဆံတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်ဟု ပြောကြားသည်။

သဗြုချောင်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်အား မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားသည်ကိုမသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် သတ်ဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ မေလ (၂၅) ရက်နေ့ ည (၈) နာရီအချိန်ခန့်က မုဒုံမြို့နယ် ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်နေ အသက် (၅၆) နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးကျော်မင်း မှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent