မန်စီးတီးဂိုးသမား အီဒါဆန်ကိုခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း  ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ

မန်စီးတီးဂိုးသမား အီဒါဆန်ကိုခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း  ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ
Photo: Getty Images
Photo: Getty Images
Published 13 July 2024

 

စီရော်နယ်လ်ဒို ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် မန်စီးတီးဂိုးသမား အီဒါဆန်အား ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ 

အယ်လ်နာ ဆာအသင်းသည် လာမည့်ရာသီတွင် ဆုဖလား ရယူနိုင်ရန်အတွက် အသင်းကိုအင်အားဖြည့်တင်းမှုများ ပြုလုပ်ရန်စီစဉ်နေပြီး ယခုအခါ အီဒါဆန်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ 

ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရ အယ်လ်နာဆာအသင်းသည် အီဒါဆန်(၃၀ နှစ်)အား (၄)နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်ပြီး အီဒါဆန်အနေဖြင့် တစ်နှစ်လစာ ယူရို (၁၂.၅)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

အယ်လ်နာဆာအသင်းအနေဖြင့် အီဒါဆန်အတွက် မန်စီးတီးအသင်းနှင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမည်ဖြစ်သည်။ 

Most Read

Most Recent