■ လျှော့တွက်မထားသင့်တာ စပိန်     

■ လျှော့တွက်မထားသင့်တာ စပိန်     
Photo: Getty Images
Photo: Getty Images
Published 14 June 2024
Hein Thant

မြောက်အိုင်ယာလန်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပိန်အသင်းက (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားပြခဲ့တယ်။ အဲဒီပွဲမှာ စပိန်အသင်းစောစောစီးစီးဂိုးပေးလိုက်ရပေမယ့် ကျန်တဲ့အချိန်တွေမှာ စပိန်ကပဲ ပွဲကိုထိန်းချုပ်ကစားပြသွားတယ်။ ဂိုးတွေလည်းသွင်းတယ်။ ဂိုးပေါက် ကန်သွင်းချက်က အကြိမ် (၂၀)ကျော်လောက်ရတဲ့အထိ စပိန်တိုက်စစ်က မြောက်အိုင်ယာလန်ဘက်ကို လွှမ်းမိုးပြသွားနိုင်ခဲ့တယ်။ မြောက်အိုင်ယာလန်နဲ့ မကစားမီ အရင်ကစားခဲ့တဲ့ အန်ဒိုရာနဲ့ ခြေစမ်းပွဲမှာလည်း စပိန်ကပဲ (၅-၀)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရထားသေးတယ်။ စပိန်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်းကစားခဲ့တဲ့ခြေစမ်းပွဲ (၄)ပွဲမှာ ကိုလံဘီယာနဲ့ပွဲကိုသာ (၀-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး အဲဒီနောက်ပိုင်း (၃)ပွဲမှာ ဘရာဇီးလ်ကိုသရေနဲ့ အခု အန်ဒိုရာ၊ မြောက်အိုင်ယာလန်အသင်းတွေကို အနိုင်ကစားခဲ့တယ်။ အဲဒီနောက်ဆုံး (၃)ပွဲမှာ စပိန်အသင်းဟာ သွင်းဂိုး (၁၄)ဂိုးအထိရခဲ့တယ်။

 

Most Read

Most Recent