ကိုပါအမေရိကဗိုလ်လုပွဲအပြီးတွင်အပြီးတွင် လက်ရွေးစင် ကစားသမားဘဝမှ ဒီမာရီယာ အနားယူမည်

ကိုပါအမေရိကဗိုလ်လုပွဲအပြီးတွင်အပြီးတွင် လက်ရွေးစင် ကစားသမားဘဝမှ ဒီမာရီယာ အနားယူမည်
Photo: AFP
Photo: AFP
Published 13 July 2024

 

အာဂျင်တီးနားဝါရင့်တောင်ပံကစားသမား ဒီမာရီယာက ကိုပါအမေရိက ဗိုလ်လုပွဲအပြီးတွင် လက်ရွေးစင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဒီမာရီယာ (၃၆)နှစ်သည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၀၈ ခုနှစ်တွင် စတင်ကစားခဲ့ပြီး (၁၄၄) ပွဲတွင် (၃၁) ဂိုးသွင်းယူထားသည်။ 

ဒီမာရီယာက "လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပွဲအတွက် ကျွန်တော် အသင့်မဖြစ်သေးပါဘူး။ ဗိုလ်လုပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခေါင်းမော့ရင်ကော့ပြီး ထွက်သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ အာဂျင်တီးနားအတွက် အရာအားလုံးကို ကျွန်တော် ပေးဆပ်ခဲ့လို့ပါပဲ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent