လှိုင်မြစ်အတွင်း သမ္ဗာန်တိုက်မှုမှ ပျောက်ဆုံးနေသူ ကိုးဦးအနက် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦး၏ အလောင်းများတွေ့ရှိ

လှိုင်မြစ်အတွင်း သမ္ဗာန်တိုက်မှုမှ ပျောက်ဆုံးနေသူ ကိုးဦးအနက် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦး၏ အလောင်းများတွေ့ရှိ
Published 12 July 2024

လှိုင်မြစ်အတွင်း သမ္ဗာန်တိုက်မှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအနက် ခြောက်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက်က ပျောက်ဆုံးသူ ကိုးဦးအနက် ခြောက်ဦး၏ အလောင်းအား ပြန်လည်တွေ့ရှိရှာဖွေနိုင်ခဲ့ကြောင်း လူမှုရေးအဖွဲ့များထံမှ သိရသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ခြောက်ဦးအနက် နှစ်ဦးမှာ ကလေးငယ်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက်၊ နံနက် ၈ နာရီခန့်က လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးနှင့် ကုန်များဆွဲလာသည့် ​​သင်္ဘောတို့ တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိသဖြင့် ကျောင်းနေအရွယ် သုံးဦးအပါအဝင် ကိုးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများနှင့် အခြားသက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent