ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် အက်သလက်တီကိုအသင်း စီစဉ်

ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် အက်သလက်တီကိုအသင်း စီစဉ်
Photo: Madrid Zone
Photo: Madrid Zone
Published 11 July 2024

အက်သလက်တီကိုအသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအတွက် ခြေစွမ်းပြခဲ့သည့် ၀ါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၃၂)နှစ်အရွယ်ရှိ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် နောက်ပိုင်းနှစ်တွင် ကလပ်အသင်းများ၌ ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင် ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူရန် ၂၀၂၁ ခုနှစ်က ကြိုးပမ်းခဲ့ဖူးပြီး ယခုအခါ တစ်ဖန်ပြန်လည်စိတ်ဝင်စားလာခြင်းဖြစ်သည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်သည် လက်ရှိတွင် ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent