၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက် ဘရာဇီးလ်ပရိသတ်များကို တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် တောင်းပန်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက် ဘရာဇီးလ်ပရိသတ်များကို တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် တောင်းပန်
Photo: Sky Sports
Photo: Sky Sports
Published 11 July 2024

ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ မိမိ၏အမှားကြောင့်ဖြစ်ပြီး ယင်းအတွက် ပရိသတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ပြိုင်ပွဲမစတင်မီကတည်းက အရင်လို ဗိုလ်စွဲရန် ထိပ်ဆုံးမှရေပန်းစားခြင်းမရှိသလို၊ ပြိုင်ပွဲကစားချိန်တွင်လည်း ကွာတားဖိုင်နယ်တွင် ဥရုဂွေးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်သည် အုပ်စုနောက်ဆုံးပွဲစဉ် (၂) ပွဲဆက်တိုက် အဝါကတ်ထိခဲ့ခြင်းကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရကာ ဥရုဂွေးနှင့်ပွဲကို လွဲချော်ခဲ့သည်။

ဗင်နီစီယပ်စ်က ''ကိုပါအမေရိကပြိုင်ပွဲက ပြီးဆုံးသွားပါပြီ။ အခုက အရှုံးကနေ ပြန်ရုန်းထရမယ့် အချိန်ပါ။ ပယ်နယ်တီနဲ့ ရှုံးနိမ့်ရတာ ဒေါသထွက်ဖို့ ကောင်းပါတယ်။ ကျွန်တော်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်း ပြိုင်ပွဲက ထွက်ခွာရတာကို ကြည့်နေခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က ကျွန်တော့်ရဲ့အမှားပါ။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဝေဖန်မှုတွေကို လက်ခံပါတယ်။ ကျွန်တော်တို့ ပြန်လာမှာပါ''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent