■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: Portugal Team
Photo: Portugal Team
Published 11 June 2024

♦ ပေါ်တူဂီ - အိုင်ယာလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက် နံနက် ၁:၁၅ နာရီ)

ပေါ်တူဂီအသင်းက နောက်ဆုံးကစားခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာတော့ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တယ်။ ပေါ်တူဂီရဲ့အကောင်းဆုံးလူစာရင်းမဟုတ်ပေမဲ့ တောင့်တင်းတဲ့လူစာရင်းနဲ့ ကစားခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းရဲ့အကောင်းဆုံးပုံစံကို မတွေ့ခဲ့ရဘူး။ ကစားကွက်တည်ဆောက်ဖို့ ခက်ခဲနေသလို အသင်းလိုက်ကစားဟန်က တော်တော်လေး အစေးမကပ်ဖြစ်ခဲ့တာကို တွေ့ရတယ်။ အိုင်ယာလန်အသင်းက မာကျောတဲ့အသင်းမျိုးပါ။ ဒါပေမဲ့ ကျစ်လျစ်မှုအပိုင်းနဲ့ အရည်အသွေးပိုင်းမှာတော့ ခရိုအေးရှားနဲ့ ကွာပါသေးတယ်။ ဒီပွဲကတော့ ပေါ်တူဂီအသင်းရဲ့ နိုင်ပွဲကို မြင်တွေ့ရလိမ့်မယ်။

♦ ချီလီ - ပါရာဂွေး (မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက် နံနက် ၆:၃၀ နာရီ)

ကိုပါအမေရိကပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေနဲ့ ပြုလုပ်တဲ့ အသင်းနှစ်သင်းဖြစ်တယ်။ နှစ်သင်းစလုံးက တစ်ချိန်က အကောင်းဆုံးပုံစံကို ပြသနိုင်တဲ့အသင်းတွေဖြစ်ပေမဲ့ အခုအချိန်မှာတော့ နှစ်သင်းစလုံး ခြေကျနေကြတယ်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ် ဘောလုံးသမားတွေ ထွက်ပေါ်မှုအပို်င်းမှာ နှစ်သင်းစလုံး သိသိသာသာ ကျဆင်းသွားပြီး အသက်အရွယ်ကြီးရင့်နေတဲ့ ၀ါရင့်ကစားသမားတွေကြီးတွေနဲ့ အရည်အသွေးပိုင်း မလုံလောက်သေးတဲ့ လူငယ်တွေ စုဖွဲ့ထားကြပုံချင်းလည်း တူတယ်။ လက်ရှိခြေစွမ်းအရတော့ ချီလီက နည်းနည်းလေး ပိုသာပါတယ်။ ချီလီကို ပိုကြိုက်တယ်။

♦ မော်လ်ဒိုဗာ - ယူကရိန်း (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် ည ၁၀:၃၀ နာရီ)

ဒီနှစ်သင်းရဲ့ သမိုင်းမှာ ၅ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး မော်လ်ဒိုဗာက ယူကရိန်းကို တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးပါဘူး။ လက်ရှိခြေစွမ်းအရလည်း တစ်ဦးချင်းရော၊ အသင်းလိုက်ပါ တော်တော်လေးကွာခြားတဲ့ အခြေအနေပါ။ ယူကရိန်းအသင်းအတွက် ယူရိုမတိုင်ခင် နောက်ဆုံးပွဲကို နိုင်ပွဲနဲ့ အဆုံးသတ်ပါလိမ့်မယ်။ ယူကရိန်း အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်။

♦ မော်လ်တာ - ဂရိ (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် ည ၁၀:၃၀ နာရီ)

တစ်ချိန်တုန်းက တွေ့သမျှအသင်းကို ဂိုးအလှူပေးခဲ့တဲ့ မော်လ်တာအသင်းက အခုအချိန်မှာတော့ အရမ်းကောင်းတဲ့  အနေအထားမဟုတ်ရင်တောင် တော်တော်လေး ခံကစားလာနိုင်ပါတယ်။ ဂရိရဲ့ ခြေစွမ်းက ဒီဘက်နှစ်တွေမှာ တိုးတက်လာပေမဲ့ ဥရောပထိပ်တန်းအနေအထား မဟုတ်ဘူး။ မော်လ်တာကလည်း အိမ်ကွင်းမှာ ခံကစားပုံကောင်းတဲ့အတွက် မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။ ဂရိအသင်း နိုင်မယ်ဆိုရင်တောင် ဂိုးပြတ်ဖို့ မဖြစ်နိုင်ဘူး။

♦ မြောက်အိုင်ယာလန် - အန်ဒိုရာ (မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက် နံနက် ၁:၁၅ နာရီ)

မြောက်အိုင်ယာလန်အသင်းက ဒီပွဲမတိုင်ခင် စပိန်အသင်းနဲ့ ခြေစမ်းခဲ့ပြီး ကစားပုံကောင်းပါတယ်။ လက်ရှိအချိန်မှာ မြောက်အိုင်ယာလန်က တော်တော်လေး အားကောင်းလာတဲ့အသင်းဖြစ်ပြီး အသင်းမှာ အင်္ဂလန်လိဂ်တန်းအစုံက ကစားသမားတွေနဲ့ စုဖွဲ့ထားကြတယ်။ အသင်းလိုက် ကစားဟန်မာကျောပြီး အန်ဒိုရာအသင်းကို အနိုင်ရဖို့အတွက်တော့ ခက်ခဲတဲ့အနေအထား မဟုတ်ပါဘူး။ မြောက်အိုင်ယာလန်ကိုပဲ ကြိုက်တယ်။

♦ ဘီလာရုစ် - အစ္စရေး (မြန်မာစံတော်ချိန် ဇွန်လ ၁၁ ရက် ည ၁၀:၃၀ နာရီ)

ဘီလာရုစ်အသင်းက အောက်အသင်းတွေထဲမှာ တော်တော်လေးမာကျောတဲ့အသင်းဖြစ်ပြီး အသင်းကြီးတွေကိုလည်း အခက်တွေ့စေတဲ့အသင်းမျိုးပါ။ အစ္စရေးက ပိုကောင်းတဲ့အသင်းဖြစ်ပေမဲ့ ဘီလာရုစ်အသင်းရဲ့ကွင်းမှာတော့ သရေကျဖို့ပဲ များတယ်။

◘ အခြားပွဲစဉ်များ

အဇာဘိုင်ဂျန်    -    ကာဇက်စတန်

ဆန်မာရီနို        -    ဆိုက်ပရပ်စ်

မွန်ဂိုလီးယား    -    ကမ္ဘောဒီးယား

ဘရူနိုင်း        -    သီရိလကာင်္

Most Read

Most Recent