ဆာကာသည် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း အင်္ဂလန်ဂန္ထဝင် အလန်ရှီးယား သုံးသပ်

ဆာကာသည် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း အင်္ဂလန်ဂန္ထဝင် အလန်ရှီးယား သုံးသပ်
Photo: X
Photo: X
Published 10 October 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်ဂန္ထဝင် အလန်ရှီးယားက အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာသည် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဆာကာသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၂၀ ပြည့်နှစ်တွင် စတင်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန် (၄၂) ပွဲကစားထားကာ အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

အလန်ရှီးယားက ဆာကာသည် ဘောလုံးစွမ်းရည်ကောင်းမွန်သလို၊ အသက်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သည့်အတွက် အနာဂတ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အလန်ရှီးယားက ''အနာဂတ်မှာ ဆာကာအနေနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး။ အသင်းလိုအပ်ချိန်မှာ ရုန်းကန်နိုင်တဲ့ ကစားသမားတွေ သိပ်မရှိပါဘူး။ ဆာကာကတော့ အသင်းကို ကျဉ်းထဲကျပ်ထဲက ဆွဲတင်နိုင်သူပါ။ ဆာကာအနေနဲ့ အနာဂတ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent