သားဖြစ်သူနှင့်အတူ ကလပ်အသင်းတစ်သင်းတည်း၌ ဘောလုံးကစားခွင့်ရရန် စီရော်နယ်လ်ဒို စိတ်ကူးနေသည်ဟု ရိုမေးနီးယားလက်ရွေးစင်ကစားသမားဟောင်း မူတူး ပြောကြား

သားဖြစ်သူနှင့်အတူ ကလပ်အသင်းတစ်သင်းတည်း၌ ဘောလုံးကစားခွင့်ရရန် စီရော်နယ်လ်ဒို စိတ်ကူးနေသည်ဟု ရိုမေးနီးယားလက်ရွေးစင်ကစားသမားဟောင်း မူတူး ပြောကြား
Photo: Bleacher Report
Photo: Bleacher Report
Published 10 July 2024

 

လက်ရှိအချိန်၌ နည်းပြလောကသို့ ဝင်ရောက်နေပြီဖြစ်သည့် ရိုမေးနီးယားလက်ရွေးစင်ကစားသမားဟောင်း မူတူးက ပေါ်တူဂီတိုက်စစ်မှူး  စီရော်နယ်လ်ဒိုအနေဖြင့် ကစားသမားဘဝမှ အနားမယူသေးခြင်းမှာ ၎င်း၏ သားဖြစ်သူနှင့်အတူ ကလပ်အသင်းတစ်သင်းတည်း၌ ဘောလုံးကစားခွင့်ရရန် စိတ်ကူးနေခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အသက် (၃၉)နှစ်ရှိပြီဖြစ်သော်လည်း ယူရို- ၂၀၂၄ ပြိုင်ပွဲ၌ ပေါ်တူဂီအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အပြင် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်လည်း စီစဉ်နေသည်။ 

၎င်းသည် အသက်(၄၀)ကျော်သည်အထိ ဘောလုံးဆက်လက် ကစားသွားရန် ရည်မှန်းထားခြင်းမှာ သားဖြစ်သူနှင့်အတူ ကလပ်တစ်သင်းတည်း၌ ကစားသွားလိုသည့် စိတ်ကူးအိပ်မက်ကြောင့်ဖြစ်သည်ဟု မူတူးက ပြောကြားခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒို၏ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာသည် အသက်(၁၄)နှစ်ရှိပြီဖြစ်၍ မကြာမီ သားအဖနှစ်ဦး အတူကစားခွင့် ရနိုင်ခြေရှိနေကြောင်း သိရသည်။

မူတူးက ]]စီရော်နယ်လ်ဒိုက သူ့ရဲ့ သားနဲ့အတူ တရားဝင်ဘောလုံးပွဲတစ်ပွဲ အတူကစားချင်နေတာ ကြောင့် ကစားသမားဘဝက အနားမယူသေးတာပါ။ သူ့ရဲ့ဆန္ဒက အယ်လ်နာဆာအသင်းမှာ ဖြစ်လာနိုင်ပါတယ်။ တခြားအသင်းမှာဆိုရင်တော့ ပိုပြီးခက်ခဲနိုင်ပါတယ်။ သားနဲ့အတူ နှစ်တစ်ဝက်လောက် အတူကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလို့ ကျွန်တော်တော့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အယ်လ်နာဆာအသင်းသည် အသင်း၏အဓိက ကစားသမားဖြစ်သူ စီရော်နယ်လ်ဒိုကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent