မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် အင်ဒိုနီးရှား ငါးမန်းမျှားလှေတစ်စင်းကို တပ်မတော် (ရေ) က ဖမ်းဆီး

မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် အင်ဒိုနီးရှား ငါးမန်းမျှားလှေတစ်စင်းကို တပ်မတော် (ရေ) က ဖမ်းဆီး
Published 7 July 2024

 

ပုံစာ - ဖမ်းဆီးရမိသည့် အင်ဒိုနီးရှားငါးဖမ်းလှေကို တွေ့ရစဉ်

မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက် လာသည့် အင်ဒိုနီးရှားငါးမန်းမျှားလှေတစ် စင်းကို တပ်မတော် (ရေ) က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်ရေ (ရေ) မှ စစ်ရေ ယာဉ်  ၅၆၇  သည်  ဇူလိုင် ၄ ရက်က ပင်လယ်   ပြင်အတွင်း ကင်းလှည့်ဆောင်ရွက်နေစဉ် ကော့သောင်းရေပြင်အတွင်း ဝင်ရောက်လာ ပြီး တရားမဝင်ငါးဖမ်းဆီးနေသည့်လှေတစ် စင်းအား သွားရောက်စစ်ဆေးရာ အင်ဒိုနီးရှား ငါးမန်းမျှားလှေဖြစ်နေသည်ကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

ASLAM SAMMUDERA အမည်ရှိ ငါးမန်းမျှားလှေပေါ်တွင် အင်ဒိုနီးရှားနိုင်ငံ သားခုနစ်ဦး လိုက်ပါလာကြောင်း စစ်ဆေးတွေ့ ရှိရပြီး လှေအား ဆက်လက်ရှာဖွေရာ ငါးမျှား ကြိုး၊ ရေခဲပုံး၊ ဆက်သွယ်ရေးစက်များ၊  MITSUBISHI  ခြောက်လုံးထိုး 150 HP စက်များ၊ မီးစက်များ တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့ သည်။ လှေဝမ်းဗိုက်အတွင်း ခြောက်ပေခွဲအ ရှည်ရှိသည့် Black Shark  ငါးမန်းတစ်ကောင်၊ ခုနစ်ပေခန့်ရှည်သည့် Black Shark ငါးမန်း တစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားငါးမန်းမျှားလှေပေါ်တွင် Mora Ziuri ( 29 ) နှစ်၊ Muzakir ( ၄၆ ) နှစ်၊ Mustafa Kamal ( ၂၄ ) နှစ်၊ Muhammad Nor ( ၅၁ ) နှစ်၊ Hanas ( ၄၇ ) နှစ်၊ Zubir ( ၃၉ ) နှစ်၊ Aboullah  ( ၂၃ ) နှစ်၊ တို့ အား ဖမ်းဆီးရမိ ခဲ့ပြီး တပ်မတော် (ရေ) က ဇူလိုင် ၆ ရက်တွင် ကော့သောင်းမြို့ဆိပ်ကမ်းသို့ လာရောက်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

တရားမဝင်ငါးဖမ်းလှေနှင့် ငါးမန်းများ ကို ငါးလုပ်ငန်းဦးစီးဌာနမှ လက်ခံဆောင်ရွက် နေပြီး တရားမဝင် အင်ဒိုနီးရှားနိုင်ငံသားများ ကို လဝကမှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent